နတ်သံကွင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု

ပဲခူးတိုင်းဒေသကြီး၊ နတ်သံကွင်းရဲစခန်းအား အကြမ်းဖက်သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်သည့်ဖြစ်စဉ်တွင် ရန်သူ့ထံမှ အလောင်း/လက်နက်များရရှိအောင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များအား ဂုဏ်ပြုပွဲအခမ်းအနား အား ဇန်နဝါရီလ ၁၀ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြသော အခြားအဆင့် စစ်သည်နှင့် ရဲတပ်ဖွဲ့ဝင်များအား တစ်ဆင့်မြင့် တိုးမြှင့်ပေးခဲ့ပြီး ကစထမှူးနှင့် တိုင်းမှူးက ဆုငွေ သိန်း ၉၀ ချီးမြှင့်ခဲ့ကြောင်း သိရှိရပါတယ်။