ဘာသာရေးကို စော်ကားခြင်းသည် မြန်မာပြည်သူတစ်ရပ်လုံးကို စော်ကားခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

ဇန်နဝါရီလ ၉ ရက်တွင် နိုင်ငံတွင်းဖြစ်ပေါ်နေသည့်အ‌ခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ကိုးကန့်လက်နက်ကိုင်အဖွဲ့ (MNDAA)သည် လောက်ကိုင်မြို့ကို ထိန်းချုပ်ခဲ့ပြီးနောက် ၎င်းတို့၏ တပ်ဖွဲ့ဝင်အချိုသည် လောက်ကိုင်မြို့၊ ဆီအောကျေးရွာ၏ မြောက်ဘက် ပွိင့် ၂၂၀၂ တောင် ကုန်းပေါ်ရှိ စေတီတစ်ဆူကို သံတူဖြင့်ထုကာ ဖျက်ဆီးခဲ့သည့် အပြုအမူများလုပ်ဆောင်ခဲ့သည်။ အဆိုပါလုပ်ရပ်သည် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများအပေါ်တွင် စော်ကားခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများကြား သွေးကွဲနေမှုများကို သပ်လျှိုခြင်း၊ သွေးကွဲနေမှုများအပေါ်တွင် အခွင့် ကောင်း ယူ ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

“လက်နက်ကိုင်သောင်းကျန်းမှု၊ လက်နက်ကိုင်နယ်မြေလုမှုတွေကနေ လက်နက်ကိုင်ပြီး ဘာသာရေးကိုပါ စော်ကားတဲ့ တစ်မျိုးသားလုံး အမြတ်တနိုးထားတဲ့ ဘာသာရေးကိုပါ စော်ကားတဲ့အပြုအမူများနဲ့ သွေးတိုးစမ်းလာတာတွေသည် မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက် မြန်မာပြည်သူတစ်ရပ်လုံးကို စော်ကားခြင်း၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးအတွက် များစွာသော စိတ်ထိခိုက်မှုဖြစ်ရပါတယ်။ ဒါတွေကို ကျွန်တော်တိုအနေနဲ့ ပြန်လည်ပြီး တွန်းလှန်သွားရမယ်။ ပြန်လည်ပြီး သွေးစည်းသွားရမယ်။ ပြန်လည်ပြီး ညီညွတ်သွားရမှာဖြစ်ပါတယ်” ဟု ၎င်းကပြောကြားခဲ့ကြောင်းသိရပါတယ်။