အကြမ်းဖက်သမားများ၏သတ်ဖြတ်မှုကြောင့် နေ့စဉ်သေဆုံးနေရသည့် ပြည်သူများ

-ဇန်နဝါရီလ ၁၀ ရက် ၂၂၃၀ နာရီတွင် ရွာငံမြို့နယ်၊ တောင်ကြားကျေးရွာမှ ရွာသား ၁ ဦးအား PDF အကြမ်းဖက်အဖွဲ့ဝင် ၁၅ ဦးခန့်သည် လက်နက်ငယ် ကိုယ်စီ ကိုင်ဆောင်၍ နေအိမ်သို့ ရောက်ရှိလာပြီး မိသားစုဝင်များအား နေအိမ်အပြင်ဘက်၌ ခေါင်းငုံ့ ထိုင်ခိုင်းကာ ဦးကျော်မင်းအား နေအိမ် နံဘေးရှိ မီးဖိုဆောင်အတွင်းသို့ ခေါ်ဆောင်သွားပြီးနောက် သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့်သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၁၁ ရက် ၁၅၁၅ နာရီတွင် ငါန်းဇွန်မြို့နယ်၊ ဆင်ဖြူကုန်းကျေးရွာနေ ဦးအောင်ရင်(၇၀)နှစ်၊ ဇနီးဖြစ်သူ ဒေါ်ခင်စန်းရင် (၆၃)နှစ်နှင့် သားဖြစ်သူ ဦးအေးငြိမ်းလင်း (၄၂)နှစ်တို့ ၃ ဦးသည် ၎င်းတို့ နေအိမ်၌ ရှိနေစဉ် (စိစစ်ဆဲ)ကျား ၆ ဦးသည် ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်သတ်ဖြတ်သွားခဲ့ရာ ဦးအောင်ရင်တွင် လည်ပင်း ပြတ်ရှဒဏ်ရာ၊ ဝဲလက်မပြတ်ထွက်ဒဏ်ရာ၊ ဒေါ်ခင်စန်းရင်တွင် လည်ပင်းထိုးသွင်းဒဏ်ရာနှင့် ဦးအေးငြိမ်းလင်းတွင် ဦးခေါင်းပွင့်ထွက် ဒဏ်ရာတို့ဖြင့် နေရာတွင် သေဆုံးသွားခဲ့ကြောင်းနှင့် သေဆုံးသူ အလောင်းများအား ငါန်းမြာကြီးကျေးရွာ “ဓမ္မမာမက” လူမှုကူညီရေးအသင်းယာဉ်ဖြင့် ငါန်းမြာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ရန် အတွက် ထွက်ခွာလာစဉ် ငါန်းဇွန်မြို့နယ်၊ မြေနီကျေးရွာအနီးသို့ ရောက်ရှိစဉ် (စိစစ်ဆဲ)အကြမ်းဖက်အဖွဲ့သည် လမ်း၏ယာဘက်ခြမ်းမှ လက်လုပ်အဝေးထိန်းမိုင်း ၁ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပေါက်ကွဲမှုကြောင့် လူထိခိုက်မှု မရှိကြောင်းနှင့် နာမှုကူညီရေးယာဉ်၏ ယာဘက်ခြမ်း လေကာမှန် ၃ ချပ်၊ ယာဉ်၏ ယာဘက်ခြမ်း ကိုယ်ထည် အနည်းငယ် ပေါက်ပြဲခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၁၁ ရက် ၁၁၃၀ နာရီတွင် ခင်ဦးမြို့နယ်၊ ပျဉ်ထောင်ကျေးရွာအနီး PDF အကြမ်းဖက်အဖွဲ့ မောင်းနှင်သော Drone ၁ စီးသည် ကင်းပြစ်ကျေးရွာအနီး လယ်ကွင်းများဘက်မှ ပျံသန်းလာပြီး Drop Bomb ၁ လုံးအား ပစ်ချဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဗုံးသီးမှာ ပျဉ်ထောင်ကျေးရွာ၏ အရှေ့ဘက် ၁ ဖာလုံခန့် အကွာ လယ်ကွင်းအတွင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် စပါးရိတ်ပြန်လာသည့် ဒေါ်မွှေး(၄၆)နှစ်တွင် ယာပေါင် ဗုံးသီးစထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရ။

-ဇန်နဝါရီလ ၁၀ ရက် ၂၃၁၀ နာရီတွင် မြိတ်မြို့နယ်၊ လက်မဲရွာဟောင်းနေ ဦးချစ်မွန်(၅၆)နှစ်၏ နေအိမ်အား PDF အကြမ်းဖက်အဖွဲ့မှ မီးရှို့ခဲ့သဖြင့် နေအိမ်၏ အိမ်ရှေ့ခန်း ၁၀ ပေခန့် မီးလောင်ကျွမ်းခဲ့ပြီး နေအိမ်ရှေ့ခန်းတွင် ထားရှိသည့် LED TV ၁ လုံး၊ အောက်စက် ၁ လုံးနှင့် PSI စလောင်းစက် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရှိရ။