အကြမ်းဖက် KNU/PDF များ၏ DROP ဗုံးကြောင့် ပြည်သူ ၂ ဦးသေဆုံး

စက်တင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက ဖြူးမြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ လေးအိမ်စုကျေးရွာနေ ဖခင်ဦးစိုးလင်းနှင့် သားဖြစ်သူတို့ နှစ်ဦးသည် knu/pdf အကြမ်းဖက်သမားများ၏ drop ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်သည် ဦးခေါင်းကို နဖူးတည့်တည့်မှ ဖောက်ထွက်၍ ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ဖခင်ဦးစိုးလင်းမှာလည်း ခါးနှင့် ရင်ဘတ်တို့တွင် အစထိမှန်ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

Knu/pdf အကြမ်းဖက်သမားများသည် ကျေးရွာများကို လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိပါတယ်။