KIO KIA တပ်ဖွဲ့အတွင်း အချင်းချင်းအာဏာသိမ်းမှုဖြစ်ပွား

လက်နက်ကိုင်ခေါင်းဆောင်က အစိုးရခေါင်းဆောင်ကို အာဏာသိမ်းလိုက်တယ်လို့ ပြောရမှာပါပဲ။
သူတို့ဘက်မှာဖွဲထားတာက-
-ကချင်ပြည်နယ်- ဝမ်ပေါင်နိုင်ငံ(ကချင်နိုင်ငံ)
-KIO ဆိုတာ ဝမ်ပေါင်အစိုးရ(ကချင်လွတ်မြောက်ရေးအဖွဲ) ခေါင်းဆောင်က အင်ဘန်လ
-KIA ဆိုတာ ဝမ်ပေါင်နိုင်ငံတပ်မတော်(ကချင်လွတ်မြောက်ရေးတပ်မတော်) စစ်ဦးစီးချုပ်က ဂမ်ရှောင်၊
KIC ဆိုတာ ဝမ်ပေါင်နိုင်ငံအုပ်ချုပ်ရေးကောင်စီ(ကချင်လွတ်မြောက်ရေးကောင်စီ) ခေါင်းဆောင်က အင်ဘန်လ
ဆိုပြီးဖွဲ့စည်းထားတယ်။
အာဏာရူးနေတဲ့ အင်ဘန်လ တပ်ကအာဏာထိန်းတာကို အခွင့်ကောင်းယူပြီး နယ်မြေချဲထွင်ဖို KIA စစ်သားတွေကို
အသုံးချကာ ကချင်၊ စစ်ကိုင်းနဲ့ရှမ်းမြောက်တွေမှာ PDF လက်မောင်းဘက်ပြောင်းခိုင်းပြီး တိုက်ခိုင်းခဲ့တယ်၊ ၂ နှစ်
တာကာလအတွင်းမှာ KIA စစ်သား တစ်ထောင်နီးသေဆုံးခဲ့လို KIO နဲ့ KIA ပြဿနာတက်နေတာ ၆ လကျော်
ပြီ၊ ဂမ်ရှောင်က “ဗမာအစိုးရNUGလက်အောက်ခံလုပ်ဖို့ KIA ဖွဲထားတာမဟုတ်ဘူး၊ ကချင်လွတ်မြောက်ရေး
အတွက်လုပ်နေတာ၊ ဗမာလွတ်မြောက်ရေးအတွက် လုပ်နေတာမဟုတ်ဘူး၊ ဗမာပြည်ထဲသွားပြီး NUG လက်အောက်
မှာ အသေမခံနိုင်တော့ဘူးဆိုပြီး ခရစ္စမတ်နေ့မှာ စကားများကြတယ်လို့ သိရတယ်၊ ကချင်သီးသန့်လွတ်မြောက်ရေးသာ
လုပ်ဖို့ ဂမ်ရှောင်ကပြောတာကို မရဘဲ အင်ဘန်လက နှစ်သစ်ကူးမိန့်ခွန်းမှာ စစ်ကိုင်းနဲ့ရှမ်းသာမက NUG အတွက်
အခြားနေရာတွေမှာပါ တိုက်ဦးမယ်လို့ ပြောလိုက်လို့ နောက်နေ့မှာ အင်ဘန်လကိုရာထူးဖြုတ်ချပြီး အာဏာသိမ်းလိုက်
တာလို့ သိရတယ်၊ အင်ဘန်လ ရာထူးနှစ်ခုလုံးကို အာဏာသိမ်းလိုက်တာကတော့ ကချင်စစ်ဘက်ခေါင်းဆောင်ဖြစ်တဲ့
စစ်ဦးစီးချုပ် ဂမ်ရှောင်၊ ဒုတိယခေါင်းဆောင်အဖြစ် အရင်ကရှိခဲ့တဲ့ ဂွမ်မော်ကိုလည်း အင်ဘန်လနဲ့ပေါင်းလုပ်လို့ဆိုပြီး
ရာထူးမပေးဘဲ ဗိုလ်ချုပ်ကြီးခေါင်လွမ်းကိုပဲ လွဲပြောင်းလိုက်တယ်။ NUG ကြောင့် လက်ရှိအချိန် KIA အတွင်း
ပိုင်းမှာ အကွဲအပြဲတွေတော်တော်လေးဖြစ်နေတယ်လို့သိရတယ်။