ဘီလာရုစ်နိုင်ငံအပေါ်တိုက်ခိုက်လာပါက လက်တုံ့ပြန်သွားမည်ဟု ပူတင်ပြော

ရုရှားသမ္မတ ဗလာဒီမာပူတင် ( Vladimir Putin) က ဇူလိုင်လ ၂၁ ရက်တွင်ပြုလုပ်သော လုံခြုံရေးကောင်စီအစည်းအဝေး၌ ပိုလန်နိုင်ငံအား ဘီလာရုဇ်နိုင်ငံအပေါ် တိုက်ခိုက်မှုများပြုလုပ်လာပါက ရုရှားနိုင်ငံအား တိုက်ခိုက်သည်ဟုမှတ်ယူ၍ လက်တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးပြောကြားမှုပြုလုပ်ခဲ့ကြောင်း Politico သတင်းဌာနက ဇူလိုင်လ ၂၂ ရက်တွင် ဖော်ပြခဲ့ပါတယ်။ ပိုလန်နိုင်ငံက ၎င်းတို့နိုင်ငံ၏တောင်ပိုင်း၊ ဘီလာရုဇ်နိုင်ငံနယ်စပ်အတွင်းတွင် စစ်ဘက်တပ်ဖွဲ့ဝင်များ တပ်ဖြန့်ချထားရန် ဆုံးဖြတ်ခဲ့ပြီးနောက် ပူတင်၏ ယခုကဲ့သို့ သတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရပါတယ်။