တရုတ်နိုင်ငံ အလယ်ပိုင်းတွင် စက်ရုံမီးလောင်မှုကြောင့် လူ (၃၈) ဦး သေဆုံး

၂၀၂၂ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက တရုတ်အလယ်ပိုင်း ဟဲနန်ပြည်နယ် Anyang မြိုရှိ Kaixinda Trading Co Ltd ၏ စက်ရုံတွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မီးလောင်မှုကို မီးသတ်ယာဥ် (၆၃) စီးဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာနက CCTV က ဖော်ပြခဲ့ပါသည်။


စက်ရုံမီးလောင်မှုကို ဒေသစံတော်ချိန် ည (၈) နာရီတွင် ထိန်းချုပ်နိုင်ခဲ့ပြီး ညသန်းခေါင်အချိန်ဝန်းကျင်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။


စက်ရုံမီးလောင်မှုအတွင်း သေဆုံးခဲ့သူ အများအပြားမှာ ဆောင်းရာသီအတွက် ချည်ထည်နှင့် ဘောင်းဘီးများ ချုပ်လုပ်နေသည့် အမျိုးသမီးများဖြစ်ကြောင်း မီဒီယာက ပြောသည်။