စစ်တွေမြို့တွင် မော်တော်ယာဉ်ထဲ၌ အမည်မသိအမျိုးသား ၃ ဦး ပစ်ခတ်ခံရ၍ သေဆုံး

ဇန်နဝါရီ ၄ ရက်က ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို၊ စက်ရုံစုရပ်ကွက်၊ အကွက် (၁၃) အရှေ့တွင်
အမည်မသိအမျိုးသား ၃ ဦး ပစ်ခတ်ခံရ၍ သေဆုံးနေကြောင်း သိရပါတယ်။
စက်ရုံစုရပ်ကွက်၊ အကွက်(၁၃) အရှေ့၌ အသက် (၃ဝ) ဝန်းကျင်ရှိသည့် အမျိုးသား ၃ ဦး အိမ်စီး
မော်တော်ယာဉ်ထဲတွင် သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးနေကြောင်း သိရပါတယ်။
ထို ၃ ဦးမှာ နေရက်လိပ်စာ နှင့် မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိရခြင်းမရှိဘဲ လက်ရှိအချိန်တွင် ပိုင်ရှင်မဲ့ဖြစ်နေ
ကြောင်း၊ ထိုရုပ်အလောင်းများကို စစ်တွေပြည်သူ့ဆေးရုံသို ပိုဆောင်ထားကြောင်း ဒေသခံများ၏ ပြောပြချက်အရ
သိရပါတယ်။