ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂) ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တတိယအကြိမ် ပါတီညီလာခံ(၂၀၂၂) ဒုတိယနေ့ အစည်းအဝေးတွင် ပါတီရွေးချယ်
တင်မြှောက်ပွဲကြီးကြပ်ရေးကော်မရှင်က ရွေးချယ်ထားသည့် ပါတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ(၂)ဦး၊ တွဲဘက်အထွေထွေအတွင်းရေးမှူး၊
ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များနှင့် ဗဟိုအတိုင်ပင်ခံများ၏ အမည်စာရင်းကို ဖတ်ကြားတင်သွင်းရာ သဘာပတိက ညီလာခံ
သဘောထားရယူ အတည်ပြုခဲ့ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီဥက္ကဋ္ဌအဖြစ် ဦးခင်ရီ၊ ဒုတိယဥက္ကဋ္ဌများအဖြစ် ဦးမြတ်ဟိန်း၊ ဦးလှထွန်းတို့က
တာဝန်ယူဆောင်ရွက်သွားမယ်လို့ သိရှိရပါတယ်။