ဂိမ်းဆော့နေစဉ် အကြောများ ကပ်ပြီး အတတ်ရောဂါ ဖြစ်လို့ ဆေးရုံ ပို့လိုက်ရ

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်မှာ အမျိုးသားတစ်ဦး ဂိမ်းဆော့နေစဉ် အကြောများ ကပ်ပြီး အတတ်ရောဂါ ဖြစ်လို့ ဆေးရုံ ပို့လိုက်ရတယ်လို့ “ရွှေရောင်သမိုင်း” အရေးပေါ် ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ သိရပါတယ်။

မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အရှေ့ဗဟိုလမ်း၊ မုဒိတာအိမ်ရာ(၁) (B)ဆောင် (၂)လွှာမှ အမျိုးသားတစ်ဦး ဂိမ်း‌ဆော့ကစားနေစဉ် ရုတ်တရက် အကြောများကပ်ကာ အတက်ဝေဒနာခံစားရမှု ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ခဲ့တာပါ။

အဆိုပါ ဖြစ်စဉ်မှာ အတက်ဝေဒနာ ခံစားခဲ့ရတဲ့ အမျိုးသားကို ဆေးရုံသို့ပို့ဆောင်ပေး ပါရန် ၎င်းရဲ့မိသားစုဝင်တစ်ဦးက အကူအညီတောင်းခဲ့လို့အသင်းက လူနာတင်ယာဥ်ဖြင့် အသင်းဝင်များက အချိန်နှင့်တစ်ပြေးညီသွားရောက်ကာ လိုအပ်သည့်ကနဦးပြုစုမှုများ ဆောင်ရွက်ပေးကာ အင်းစိန်ဆေးရုံသို့ အခမဲ့ပို့ဆောင်ကူညီခဲ့တယ်လို့ သိရပါတယ်။