ဝန်ကြီးချုပ်ဟောင်း သက်ဆင် ထိုင်းအစိုးရအဖွဲအသစ်ရဲ့ အကြံပေးဖြစ်လာဖွယ်ရှိနေ

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင် အကျဉ်းကျခံရမှုကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါက ထိုင်းအစိုးရအဖွဲ အသစ်မှာ ထိပ်တန်းအကြံပေးဖြစ်လာနိုင်ဖွယ်ရှိတယ်လို ထိုင်းဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင်က ပြောကြားလိုက်ပါတယ်။

ဆာရက်သာတာဗီဆင်ဟာ ဖြူထိုင်းပါတီတည်ထောင်သူဖြစ်သလို ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်တဲ့ သက်ဆင်ရဲ့ လူယုံတစ်ဦးဖြစ်ခဲ့ပြီး ရွေးကောက်ပွဲမှာ ဖြူထိုင်းပါတီ ကိုယ်စားပြုယှဉ်ပြိုင်ကာ ဝန်ကြီးချုပ်အသစ်ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်အသစ် ဆာရက်သာတာဗီဆင်က “သက်ဆင်က အရည်အချင်းရှိသူဖြစ်တယ်။ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေအတွက် သက်ဆင်ရဲ့အရည်အချင်းတွေကို ထပ်ပေါင်းထည့်ရမယ်။ သက်ဆင်ဟာ ထိုင်းနိုင်ငံရေး သမိုင်းမှာ လူကြိုက်အများဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့သူပါ။ သက်ဆင် အကျဉ်းကျခံရမှုကနေ ပြန်လွတ်မြောက်ချိန်မှာ အစိုးရအဖွဲအကြံပေးအဖြစ် ခန့်အပ်နိုင်ဖို ကြိုးပမ်းမှာပါ” လို ပြောပါတယ်။