တောင်တရုတ်ပင်လယ်အတွင်း ရေတပ်စစ်ရေးလေ့ကျင့်မှုတွေ ပူးတွဲပြုလုပ်

အမေရိကန်၊ ဂျပန်၊ ဩစတြေးလျတိုနဲ့အတူ တောင်တရုတ်ပင်လယ်အတွင်း ရေတပ်စစ်ရေးလေ့ကျင့်မှုတွေ ပူးတွဲပြုလုပ်သွားဖို့ ရှိတယ်လို့

ဖိလစ်ပိုင်လုံခြုံရေးအရာရှိတွေက ပြောဆိုလိုက်ပါတယ်။ တရုတ်နဲ့ အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ် ပိုင်ဆိုင်မှုမှာ ဖိလစ်ပိုင်ကလည်း တင်းမာတဲ့ သဘောထားကို ပြသနေခဲ့တာပါ။
ဒီစစ်ရေးလေ့ကျင့်မှုမှာ လေယာဉ်တင်သင်္ဘော ၃ စီးအထိ ပါဝင်မှာဖြစ်ပြီး ရဟတ်ယာဉ်သယ်ဆောင်နေတဲ့ သင်္ဘောတွေလည်း ပါဝင်မယ်လို့ ဆိုပါတယ်။ ကမ်းလွန်စစ်ရေးလေ့ကျင့်မှုအပြီးမှာ တပ်မှူးတွေက မနီလာမြို့မှာ တွေ့ဆုံဖို့ စီစဉ်ထားပြီး စစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်တဲ့ အသေးစိတ်တွေကိုတော့ လူသိရှင်ကြားဆွေးနွေးခွင့်မကပြုတာကြောင့် မပြောဆိုနိုင်ဘူးလို့ ဒီနေ့မှာ အရာရှိတွေက AP ကို ပြောဆိုခဲ့ပါတယ်။