ထိုင်းနိုင်ငံ၌ Cobra Gold 2023 လူသားချင်းစာနာမှု အကူအညီပေး‌ရေးလုပ်ငန်းကိုစတင်

လူသားချင်းစာနာထောက်ထားမှုအကူအညီနှင့် သဘာဝဘေးအန္တရာယ် လျော့ပါးရေး (HADR) အဓိကဆောင်ရွက်သည့် Cobra Gold 2023 နိုင်ငံစုံလေ့ကျင့်ခန်းကို ထိုင်းနိုင်ငံ၊ Rayong မှာ ဖေဖေါ်ဝါရီ ၂၄ရက်က စတင်ပြုလုပ်ခဲ့ပါတယ်။
ဖေဖေါ်ဝါရီလ ၂၄ရက်နှင့် ၂၅ရက်တို့မှာ စားပွဲတင်စစ်ရေးလေ့ကျင့်မှုကို စတင်ကျင်းပခဲ့ပြီး အပူပိုင်းမုန်တိုင်းကြောင့် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုနှင့် ပတ်သတ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဟောပြောပွဲများကို ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် သဘာဝဘေးဆိုင်ရာ လူသားချင်းစာနာမှု အကူအညီပေးရေး အာဆီယံပူးပေါင်းဆောင်ရွက်ရေးဗဟိုဌာန (AHA Center)တို့ ကဲ့သို့သော အဖွဲ့အစည်းများမှ စစ်ဘက်နှင့် အရပ်ဘက် ကျွမ်းကျင်သူများက ပို့ချပေးခဲ့တယ်လို့ သိရပါတယ်။
Cobra Gold 2023 လူသားချင်းစာနာမှု အကူအညီပေး‌ရေးလေ့ကျင့်ခန်းတွင် တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူနှင့် အင်ဒိုနီးရှား
အပါအဝင် နိုင်ငံကိုးနိုင်ငံမှ တပ်ဖွဲ့ဝင်များ ပါဝင်လေ့ကျင့်လျက်ရှိကြောင်း သိရှိရပါတယ်။