ဂျပန်နိုင်ငံရဲ့ ကျဆုံးမှုကြီး စတင်နေပြီလား?

၂၀၂၃ ခုနှစ် နောက်ဆုံးသုံးလအတွင်း စီးပွားရေးတန်ဖိုးကျုံဝင်ခဲ့ရသည့် ဂျပန်နိုင်ငံသည် စတုတ္ထမြောက် ကမ္ဘာ့စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံအဆင့်သို ကျရောက်ခဲ့ရပြီး ဂျာမနီနိုင်ငံက ကမ္ဘာ့စီးပွားရေးအင်အား တတိယအကြီးဆုံးနိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ကြောင်း သတင်းများအရ သိရသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလနှင့် ဒီဇင်ဘာလကြား သုံးလတာကာလအတွင်း ဂျပန်စီးပွားရေးတန်ဖိုးမှာ သုည ဒသမ လေးရာခိုင်နှုန်း ကျုံဝင်ခဲ့ကြောင်း ဂျပန်အစိုးရက ထုတ်ပြန်သော စာရင်းများဇယားများအရ သိရ သည်။

ဒါကြောင့် ၂၀၂၃ ခုနှစ် နောက်ဆုံးသုံးလတာ ကာလအတွင်း စီးပွားရေးတန်ဖိုး ကျုံဝင်မှုနှင့် ရင်ဆိုင်ခဲ့ ရသည့် ဂျပန်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးအင်အားတတိယအကြီးဆုံးနိုင်ငံဖြစ်ခြင်းကို စွန့်လွှတ်ခဲ့ရပြီး ဥရောပ၏ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံဖြစ်သည့် ဂျာမနီနိုင်ငံက တတိယနေရာကို လက်လွှဲရယူခဲ့သည်။

ဂျပန်နိုင်ငံသည် ၂၀၁၀ ပြည့်နှစ်ထိတိုင် အမေရိကန်နိုင်ငံပြီးလျှင် ကမ္ဘာ့စီးပွားရေးအင်အား ဒုတိယ အကြီးဆုံးနိုင်ငံအဖြစ် ရပ်တည်ခဲ့သော်လည်း ယင်းနှစ်မှာပင် တရုတ်နိုင်ငံက ကမ္ဘာ့စီးပွားရေးအင်အား ဒုတိယ အကြီးဆုံးနိုင်ငံအဖြစ် ဂျပန်နိုင်ငံကို ကျော်တက်ခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်း ဂျပန်နိုင်ငံ၏စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ)မှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ထရီလီယံရှိခဲ့သည်။ ဂျာမနီနိုင်ငံ၏ ၂၀၂၃ ခုနှစ် ဂျီဒီပီတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ထရီလီယံ အထိ ရှိနိုင်ကြောင်း သိရသည်။