အိန္ဒိယတောင်ပိုင်းမှာ ရထားတွဲမီးလောင်ပြီး လူ ၉ ဦးသေဆုံး

အိန္ဒိယနိုင်ငံတောင်ပိုင်း၊ တမီလ်နာဒူးပြည်နယ်၊ မဒူရိုင်မြို့မှာ မီးရထားတွဲတစ်တွဲ မီးလောင်မှုဖြစ်ပွားပြီးလူ ၉ ဦးသေဆုံးခဲ့တယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။

ခရီးသည်တချို့ လက်ဖက်ရည်ဖျော်ဖို့ သုံးတဲ့ မီးဖိုရဲ့ ဓာတ်ငွေ့ဆလင်ဒါတစ်လုံး ပေါက်ကွဲတာကြောင့် မီးစတင်လောင်ခဲ့ကြောင်း မဒူရိုင်မြို့ရှိ သတင်းထောက် M.S. Sangeetha ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို ကိုးကားပြီး ANI က အတည်ပြုခဲ့ပါတယ်။