တောင်ကိုရီးယားနဲ့ အမေရိကန်တို့ စစ်ရေးလေ့ကျင့်မှုစတင်ချိန် ဒုံးကျည်ပစ်လွှတ်မှုကို စောင့်ကြည့်ခဲ့တဲ့ ကင်ဂျုံအမ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ဟာ ခရုဇ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို စောင့်ကြည့်ခဲ့တယ်လို မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။ တနင်္လာနေ့မှာ တောင်ကိုရီးယားနဲ့ အမေရိကန်တိုဟာ နှစ်စဉ်စစ်ရေးလေ့ကျင့်မှုတွေ စတင်ခဲ့ကြတာပါ။
တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန်တိုကြား သမိုင်းဝင်ကာကွယ်ရေးစာချုပ်ကို ချုပ်ဆိုပြီး ၃ ရက်အကြာမှာပဲ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ခဲ့တာပါ။ ဒါ့အပြင် ကင်ဟာတိုက်ပွဲအတွက် ပြင်ဆင်ထားမှုတွေကို သုံးသပ်ဖို့အတွက်လည်း ရေတပ်ကို စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို သိရပြီး ဗျူဟာမြောက် ခရုဇ်ဒုံးကျည်ပစ်လွှတ်လေ့ကျင့်မှုကို ကြည့်ရှုခဲ့ပြီး နူကလီးယားထိပ်ဖူးတွေ တပ်ဆင်နိုင်အောင်ပါ ပြင်ဆင်ထားတယ်လို ဆိုပါတယ်။

Crd