အနောက်နိုင်ငံများက ရခိုင် မတည်ငြိမ်စေရန် လုပ် ဆောင်နေဟု ရုရှားသံအမတ်ကြီး ဝေဖန်ပြစ်တင်

အမေရိကန်ဦးဆောင်သော အနောက်အုပ်စုနိုင်ငံများသည် မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို ကူညီထောက်ပံ့ပေးနေပြီး ရခိုင်ပြည်နယ်မတည်ငြိမ်စေရန် လုပ်ဆောင်နေကြောင်း၊ ဒေသအတွင်းတွင် ၎င်းတို့နှင့်ပတ်သက်ပြီး ပထဝီနိုင်ငံရေးအခွင့်အရေးကောင်းများရယူနိုင်ရန် နေရပ်စွန့်ခွာနေထိုင်နေရသူ များအတွက် ခိုလှုံရေးစခန်းများလုပ်ဆောင်ရန် ကြိုးပမ်းနေကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗက်ဆီလီနီဘန်ဇီယာက ဧပြီလ ၄ ရက်နေ့တွင်ပြုလုပ်ခဲ့သော ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်း အဝေးတွင် ပြောဆိုလိုက်ပါတယ်။

ရုရှားသံအမတ်ကြီးက” မြန်မာနိုင်ငံဟာ ကျွန်တော်တို့နဲ့ ကာလအတန်ကြာ ဆက်ဆံနေတဲ့ မိတ်ဆွေနိုင်ငံဖြစ်သလို အနီးစပ်ဆုံး မိတ်ဖက်နိုင်ငံဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးအခက်အခဲတွေက နိုင်ငံတကာ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်မှုမရှိပါဘူး” ဟု ပြောဆိုခဲ့ကြောင်းလည်းသိရပါတယ်။ #Crd