PDF အချင်းချင်းပစ်ခတ်လို့ MG 6 ပြောက်ကျားခေါင်းဆောင် ကျော်လင်းထွန်း သေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်း၊ ကန်ဦးရွာစာသင်ကျောင်းအနီးမှာ မြင်းခြံခရိုင်တပ်ရင်း ၅ MG 6 ပြောက်ကျားတပ်ဖွဲ့ကို ရေလယ်ကျွန်းတပ်ပေါင်းစုအဖွဲ့က ဒီနေ့ မနက် ၉ နာရီခန့်မှာ ရုတ်တရက်ပစ်ခတ် တိုက်ခိုက်ခဲ့တာကြောင့် MG 6 ပြောက်ကျားတပ်ဖွဲ့မှ တပ်ရင်းမှူး ကျော်လင်းထွန်း သေဆုံးခဲ့တယ်လို့ အပစ်ခံလိုက်ရတဲ့ တပ်ရင်း ၅ မှ တပ်ဖွဲ့ဝင်တွေက ပြောကြားထားပြီး အလောင်းကို အခုချိန်ထိ ကောက်မရသေးဘူးလို့လည်း သိရပါတယ်။