NUG ရဲ့ ခရိုင်ပကဖအဖွဲ့က နဂါး(BNRA)အဖွဲ့ ၁၅ ဦးအားဖမ်းဆီး

ကန့်ဘလူမြို့နယ်အတွင်းရှိ နဂါးလက်အောက်ခံ (BNRA) ပြည်သာယာ စစ်ကြောင်းမှ တာဝန်ခံအချို့အား ခရိုင်ပကဖနှင့် ကန့်ဘလူခရိုင် တပ်ရင်း-၄ မှ ခေါ်ယူတွေ့ဆုံပြီး နယ်မြေအတွင်း BNRA ရှိနေမှုကို လုံးဝလက်မခံနိုင်ကြောင်း အစပြုပြောဆိုကာ ပကဖ၊ ပအဖ၊ ပလဖ သို့မဟုတ် ခရိုင်တပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းရန်ဒီဇင်ဘာ ၉ ရက်နေ့တွင် ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

ဒီဇင်ဘာ ၁၆ရက်နေ့တွင် နဂါးရဲ့ ဒုတပ်ရင်းမှူးဖြစ်သူ မြင့်စိုး၊ တပ်ခွဲမှူးကျော်သူ၊ တပ်စုမှူးဘဒင်နှင့် ရပ်ကျေးပအဖတာဝန်ခံ တို့အား ခရိုင်ပကဖတာဝန်ခံမှ တွေ့ဆုံရန်ဟုဆို၍ နေ့လည် ၁၁နာရီခွဲတွင် မြေမွန်ရွာ စာသင်ကျောင်းသို့ခေါ်ဆောင်သွားခဲ့ပြီး နယ်မြေခံတပ်ခွဲမှူးမိန်းမ အပါအဝင် ၁၆ ဦးကို အင်အားသုံး ချုပ်နှောင်ထားရှိသလို ပါရီတစ်လက်၊ ဘက်ခေါက်တစ်လက်၊ AK တစ်လက်တို့ စုစုပေါင်းလက်နက်(၃) လက်အား သိမ်းဆည်းထားခဲ့ပါတယ်။

BNRA အနေဖြင့်လည်း ထိန်းသိမ်းထားသည့် BNRA ရဲဘော် ၁၅ ဦးနှင့်ပြည်သူတစ်ဦး၊ လက်နက်သုံးလက်တို့အား ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထား၍ လွှဲပြောင်းပေးပါရန် တောင်းဆိုထားပြီး စီစဥ်ညွှန်ကြားခြင်းမရှိပါက လုပ်သင့်လုပ်ထိုက်သည်များကို အမြန်ဆုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။ NUG ကတော့ BNRA ကို စမ်းနေပြီ…နဂါးကတော့ ကြိတ်ခံရတော့မယ်….နဂါးကနေ တီကောင်ဖြစ်မယ့်ကိန်း…

#NUG/PDF/BNRA