(၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များကို နိုင်ငံတော်မှ ဂုဏ်ပြုဆုချီးမြှင့်

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့များကို နိုင်ငံတော်မှ ဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနားကို ဇွန်လ ၁ ရက်တွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်မှရွှေတံဆိပ်အတွက်ကျပ်သိန်း၃၀၀၊ ငွေတံဆိပ်အတွက်ကျပ်သိန်း၂၀၀ နှင့် ကြေးတံဆိပ်အတွက်ကျပ်သိန်း ၁၀၀ ဖြင့် စုစုပေါင်းကျပ် ၃၃၃၀သန်း (ကျပ်၃.၃၃ဘီလီယံ) ချီးမြှင့်ခဲ့ကြောင်းသိရှိရပါတယ်။

ပြီးခဲ့သည့်ဆီးဂိမ်းတွင် အားကစားနည်း ၃၆ နည်းကျင်းပခဲ့သည့်အနက် မြန်မာကအားကစားနည်း ၁၉ နည်းတွင် အားကစားသမား ၃၄၁ ဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် ၂၁ ခု ငွေတံဆိပ် ၂၅ ခုကြေးတံဆိပ် ၆၈ ခုရရှိခဲ့ပါတယ်။