ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့်ဥပဒေ အစည်းအဝေးကျင်းပ

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါတယ်

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်

အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ (မူကြမ်း) ကို အပြီးသတ်စိစစ်လေ့လာဆွေးနွေးကြပြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေတွင် လက်ရှိအခြေအနေများနှင့် လိုက်လျောညီထွေမှုရှိစေရေးအတွက်ဖြည့်စွက်ရန် လိုအပ်သည့်အချက်များတွေ့ရသဖြင့် ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းသင့်ကြောင်းနှင့် ပြင်ဆင်လိုသည့်ပုဒ်မများကို အပြီးသတ်ညှိနှိင်းဆွေးနွေးကြပါတယ်

အဆိုပါ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ၂၀၁၉ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၂ ဖြင့် ပြဋ္ဌာန်းခဲ့ကြောင်း သိရပါတယ်