ရုံးဌာနရောဂါ (Office Syndrome) ဖြစ်ပွားရသည့် အကြောင်းရင်းများ

သင်သည် အချိန်ဖြုန်းသည်ဟုယူဆပြီး ရေအိမ်(အိမ်သာ)သွားရန်အတွက်ပင် ပျင်းရိသော၊ ခန္ဓာကိုယ် ရွေ့လျားလှုပ်ရှားမှုမပြုပဲ အလုပ်စားပွဲတွင် နာရီပေါင်းများစွာကြာ ထိုင်သည့် ရုံးဝန်ထမ်းဖြစ်ပါက သင့်တွင် ရုံးဌာန ရောဂါ (office syndrome) ဖြစ်ပေါ်နေပြီဖြစ်ပါသည်။ ထိုရောဂါကို အချိန်ကိုကြာမြင့်စွာ မကုသပဲထားရှိပါက၊ နာတာရှည် နာကျင်မှုဝေဒနာကို ခံစားလာရမည်ဖြစ်ပါသည်။

ရုံးဌာနရောဂါ (Office Syndrome) ဖြစ်ပွားရသည့် အကြောင်းရင်းများ
အချိန်ကြာမြင့်စွာ ထိုင်ခြင်း၊ ကိုယ်နေဟန်ထား ပုံမမှန်ခြင်း နှင့် ထပ်တလဲလဲ သို့မဟုတ် right-click မှ ကြွက်သား အားစိုက်ရခြင်း စသည်ဖြင့် အချက် 4 ချက်ခွဲခြားနိုင်ပါသည်။ အိတ် တစ်ရာကျော်ထမ်းပိုးရသော ကိုယ်ကာယပိုင်း နှင့် ဆိုင်သည့် ခက်ခဲပင်ပန်းသည့် အလုပ်များကိုလုပ်ဆောင်ရသည့် လူများတွင်လည်း (ကျန်းမားရေးအတွက်) အန္တရာယ် ဖြစ်ပေါ်နိုင်ပါသည်။ ဤလှုပ်ရှားဆောင်မှုများကြောင့် ဖြစ်ပေါ်လာသည့် နာကျင်မှုများသည် ရုံးဌာနရောဂါဖြစ်ပေါ်စေနိုင်ပါသည်။

၎င်းသည် သာမာန်နာကျင်မှုသာ ဖြစ်ပါသလား။
ရုံးဌာနရောဂါ ဟုတ်မဟုတ် မသေချာပါက ဤနာကျင်မှု အဆင့်သုံးဆင့်ကို လေ့လာကြည့်ပါ။

အဆင့် 1: လုပ်ငန်းခွင်တွင် နာကျင်မှုခံစားရသော်လည်း အိမ်သို့ပြန်ရောက် အနားယူချိန်တွင် နာကျင်မှု သက်သာသွားသည်။ နာကျင်မှုကြောင့် အလုပ်မပျက်ပါ။ တစ်ညလုံးကောင်းမွန်စွာ အနားယူပြီးနောက် ခါတိုင်းကဲ့သို့ပင် အိပ်ယာမှ နိုးထပြီး အလုပ်တက်နိုင်သည်။ နာကျင်မှုကို ပြတ်တောင်းပြတ်တောင်းခံစားရပြီး လကုန်ချိန်၊ နှစ်ကုန်ချိန် များကဲ့သို့စိတ်ပင်ပန်းချိန်များတွင် ခံစားရသည်။

အဆင့် 2: အလုပ်စသည်နှင့် နာကျင်မှုကို ခံစားရသည်။ အနားယူသော်လည်း ပျောက်ကင်းခြင်းမရှိပါ။ နာကျင်မှု ကြောင့် ရောင်ရမ်းခြင်း၊ အားနည်းခြင်း၊ ထုံကျင်ခြင်းများဖြစ်ပေါ်ပြီး သင်၏အိပ်ချိန်ကို အနှောင့်အယှက်ဖြစ်စေသည် သာမက အလုပ်စွမ်းဆောင်ရည်ကိုလည်းလျော့နည်းစေသည်။ အဆိုပါလက္ခဏာသည် လပေါင်းအတော်ကြာ ဆက်လက်ဖြစ်ပေါ်နိုင်ပြီး ကိုယ်ကာယ (ရုပ်ပိုင်း) ဆိုင်ရာ ကုထုံးဖြင့် သက်သာကောင်းမွန်စေနိုင်ပါသည်။

အဆင့် 3: အလုပ်ပြင်းပြင်းထန်ထန် မလုပ်သော်လည်း နာကျင်မှုကို ခံစားရသည်။ နာကျင်မှုသည် ပျောက်ကင်းသွား ခြင်းမရှိပဲ အိပ်စက်မှုများကိုလည်း အနှောင့်အယှက်ဖြစ်စေသည်။ အဆိုပါလက္ခဏာသည် လပေါင်း သို့မဟုတ် နှစ်ပေါင်း အတော်ကြာဆက်လက်ဖြစ်ပေါ်နိုင်ပြီး အရေးပေါ်ကုသမှုခံယူရန် အကြံပြုပါသည်။

မှန်ကန်သည့် ကုသမှု
သင်သည် နာကျင်မှုကို ခံစားရချိန်တွင် နှိပ်နယ်မှုကိုခံယူရန် အပြေးလေးသွားလိုက်သည်။ နာကျင်မှုကို သက်သာစေ ရန်အတွက် မှားသည်ဟု မဆိုလိုပါ။ သို့သော်၊ ဖြစ်ပေါ်ရသည့်အကြောင်းရင်းကို ဖြေရှင်းနိုင်ပုံမပေါ်ပေ။ နှိပ်နယ်မှုသည် နာကျင်ရောင်ရမ်းသည့် ကြွက်သားများကိုသက်သာစေပြီး သွေးလှည့်ပတ်မှုကို ကောင်းမွန်စေရုံသာဖြစ်သည်။ ထို့ကြောင့်၊ အထူးကု သို့မဟုတ် ကိုယ်ကာယ ကုထုံးပညာရှင်များရှင်များထံသို့သွားရောက်ပြသ စစ်ဆေးမှုခံယူသင့် သည်။ ၎င်းတို့မှ နာကျင်မှုဝေဒနာသည် ကြွက်သား၊ အရိုး၊ အရွတ်များမှ ဟုတ်မဟုတ် အကြောင်းရင်းကို ရှာဖွေ ဖော်ထုတ်ပေးနိုင်ပြီး၊ ဆရာဝန်များမှလူနာတစ်ဦးချင်းစီအတွက် သင့်လျော်သည့် ကုသမှုများကို ပေးအပ်နိုင်မည် ဖြစ်ပါ သည်။

လိုအပ်သည့် ကုထုံးများကို ခံယူသည်သာမက၊ သင့်လူနေမှုပုံစံကို ပြုပြင်ခြင်း၊ ထိခိုက်မှုမဖြစ်စေနိုင်သည့် လုပ်ငန်းခွင် ဝန်းကျင် (friendly working environment) ကိုဖန်တီးခြင်းဖြင့် မိမိကိုယ်ကို ဂရုစိုက်ခြင်း၊ အားလပ်ချိန်ယူခြင်း၊ လမ်းလျှောက်ခြင်း၊ ခန္ဓာကိုယ်ဆန့်ခြင်းများကို ပြုလုပ်ရန်လည်းလိုအပ်သည်။ ဤရိုးရှင်းသည့်အကြံပြုချက်များကြောင့် လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်စွာထမ်းဆောင်နိုင်မည်ဖြစ်ပါသည်။

crd;