၂၄-၁၀-၂၀၂၃တစ်ရက်ပဲရှိတော့မယ့် new ocean က local product စျေးရောင်းပွဲလေး

✨ ဒီပွဲလေးက သောကြာနေ့ကစပြီး မင်္ဂလာမန္တလေး flower street ထဲမှာ သောကြာ ၊ စနေ ၊ တနင်္ဂနွေသုံးရက်ရှိနေတဲ့ She made Myanmar ရဲ့ local product fair လေးပါ ။

✨ ဒီပွဲလေးရဲ့ထူးခြားချက်ကတော့ local brand ၇၆ ခုတောင်ပါဝင်ထားပြီး ဒီ brand တွေအားလုံးကအမျိုးသမီးတွေဦးဆောင်တဲ့ brand တွေဖြစ်နေတာပါပဲ ။ ပြောရရင် movement လေးတစ်ခုလိုပါပဲ ။ Passion အပြည့်နဲ့ဖော်ဆောင်ထားတဲ့ အမျိုးမျိုးသော စားသောက်ကုန်တွေ ၊ hand made ပစ္စည်းတွေ ၊ ချည်ထည်ဆိုင်လေးတွေ ၊ အမျိုးသမီးတွေရဲ့ အားသာချက်ဖြစ်တဲ့ creative mind စိတ်ကူးစိတ်သန်းကောင်းကြပုံကို ဒီပွဲလေးကနေ တော်တော်လေ့လာယူရတဲ့ စျေးရောင်းပွဲထက်ပိုတဲ့ အဓိပ္ပာယ်ရှိတဲ့ပွဲလေးတစ်ခုပါ ။

✨ ဒါကြောင့်ဖြစ်နိုင်ရင် မနက်ဖြန်နောက်ဆုံးရက်လေးကို ဒီ local brand လေးတွေကိုလေ့လာရင်းသွားအားပေးကြလို့ရအောင် sharing လေးလုပ်ပေးလိုက်ပါတယ်ရှင် ။

✨ ဒီပွဲလေးထဲမှာဆိုရင် အပေါ်ကပြောသလိုပဲ အမျိုးအစားတွေစုံလင်နေအောင်ပါပြီး အဝတ်အထည်ဆိုင်တွေ ၊ scented candle လေးတွေ ၊ eco – print ချည်ထည်လေးတွေ ၊ handmade ဆိုင်လေးတွေကနေ နီနီတို့စိတ်အဝင်စားဆုံးဖြစ်တဲ့ အစားအသောက် brand တွေကလည်း အများကြီးရှိပါတယ် ။

✨ ဒီလိုပွဲတွေရောက်တိုင်း အော် ငါတို့ local brand တွေ သေးသေးလေးကနေအများကြီးကြိုးစားနေကြတာပဲဆိုတဲ့ အတွေးကလည်းအမြဲတမ်းဝင်သလို ကြည့်ပြီးလည်း motivate ဖြစ်ရသေးတာ ။ Packaging တွေကလည်း အပြိုင်အဆိုင် ၊ marketing တွေကလည်းအပြိုင်အဆိုင်နဲ့ ဒီပွဲလေးမှာကျ အမျိုးသမီးတွေရဲ့ ဆိုင်လေးတွေကြီးပဲဆိုတော့ ပိုပြီးထူးထူးခြားခြားလေးဖြစ်သွားတာပေါ့နော် ။

🍴 နီနီတို့ မန္တလေးမှာအခြေစိုက်ပြီး တစ်နိုင်ငံလုံးတင်မက နိုင်ငံခြားအထိဖြန့်ချီနေတဲ့ မန္တလေးအခြေစိုက် အစားအသောက်brandတွေလည်း တော်တော်လေးများတာကိုတွေ့ရလို့ နီနီကတော့ ဒီ industry ရဲ့ တိုးတက်လာမှုကို တကယ်အားရမိတာပါ ။ တကယ်အဆင်ပြေတဲ့ local product လေးတွေကို အမြဲဆက်ပြီး support ပေးသွားပါဦးမယ် ။

🍴 အော် မေ့လို့ မုန့်တွေကလေ အမြည်းတွေ အများကြီးကျွေးတာမို့လို့ မဝယ်လည်း တစ်ပွဲလုံးပတ်မြည်းလို့ ရပါတယ်နော် ၊ နီနီဆို ပွဲတစ်ပတ်လျှောက်လိုက်တာ ဗိုက်တင်းပြီးပြန်ခဲ့ရတယ် 👻

ဆိုင်ပေါက်စေ့ပုံမရိုက်ခဲ့ရပေမဲ့ အဓိက ကိုယ်ကြိုက်တဲ့အစားအသောက်လေးတွေရိုက်ခဲ့ပါတယ် ။ ဘာတွေပါလဲလိုက်ကြည့်ကြပါဦး !!!

📍 – မနက် ၉ နာရီကနေ ညနေ ၆ နာရီလောက်ထိ ဒီစျေးတန်းလေးကရှိပါတယ် ။ နယူးအိုးရှင်းရဲ့ AYA Bank နဲ့ မျိုးသိန်းလျှပ်စစ်ကြားက လမ်းကြားလေးထဲမှာပါ ။ Flower street ဆိုတဲ့ ဆိုင်းဘုတ်လေးရှာသွားရင်လည်း ရောက်ပါတယ်ရှင် ✨