ရန်ကုန်မြို့ရှိ ကန်တော်ကြီးရေပြင်အတွင်း မျောနေတဲ့ ရုပ်အလောင်းတစ်လောင်းတွေ့ရှိ

ဇန်နဝါရီ ၁၇ ရက် ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့ရှိ ကန်တော်ကြီးရေပြင်အတွင်းမှာ မျောနေတဲ့ ရုပ်အလောင်းတစ်လောင်း တွေ့ရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူများရဲ့ ကနဦးပြောဆိုချက်အရ သိရပါတယ်။

“မနက်က အဲ့နားမှာ လူတွေအုံနေလို့ သွားကြည့်တာ၊ ကန်တော်ကြီးအဝင်နားမှာ အလောင်းတစ်လောင်း မျောနေလို့ ဆယ်နေကြတာကိုတွေ့တယ်။ ကျန်တာတော့ သေချာမသိဘူး”လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ဆိုပါတယ်။

ကန်တော်ကြီးရေပြင်အတွင်း ရုပ်အလောင်းတစ်လောင်း တွေ့ရှိမှုနဲ့စပ်လျဉ်းပြီး တာဝန်ရှိသူများက ဆယ်ယူခဲ့ကြကာ ဖြစ်စဉ်အကြောင်းအရင်းအသေးစိတ်ကိုတော့ မသိရှိရသေးဘူး လို့သိရှိရပါတယ်။