တိုက်ပွဲသတင်း

အောက်တိုဘာ ၂၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ကွန်ဆိပ်ကျေးရွာသို့အရောက် ပြည်သူ့စစ်အဖွဲဝင် ၁ ဦးဟာ PDF များ ထောင်ထားသည့် လက်လုပ်တိုက်မိုင်း ၁ လုံးကို တိုက်မိပေါက်ကွဲခဲ့သဖြင့် ပြည်သူ့စစ်အဖွဲဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။

၎င်းနေရာကို အသေးစိတ်ရှင်းလင်းစဉ် အမက(ကွန်ဆိပ်) အတွင်းမှ လက်နက်/ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့-

လက်လုပ်သေနတ် ၅ လက်
လက်လုပ်မိုင်းမျိုးစုံ ၈၀ လုံး
လက်လုပ်ရှော့တိုက်ဒုံး ၁၈ လုံး
လက်လုပ်စိန်ပြောင်းဗုံးသီး ၂၄ လုံး
လက်လုပ်လက်ပစ်ဗုံး ၄၄ လုံး
လက်လုပ်ကျည်ကာအင်္ကျီ ၁၅ ထည်
ဝါယာကြိုး ၁၀၀၀ ပေ
ယမ်းကြိုး ၂၀၀ ပေ
စနက်ကြိုး ၂၀၀ ပေ
တိုက်ကြိုး ၁၀၀ ပေ
ဆိုင်ကယ်ဘက်ထရီ ၂၀ လုံး
တိုက်ခလုတ် ၁၅ ခု တို့ကို သိမ်းဆည်းရရှိခဲ့ပါတယ်။