KIA အကြမ်းဖက်သမား(၄)ဦးအား လက်နက်/ခဲယမ်းများနှင့်အတူဖမ်းဆီးရမိ

ရှမ်းမြောက်ဒေသ လားရှိုးမြို့မှာ အတင်းအဓမ္မ ဆက်ကြေးကောက်၊ ဆက်ကြေးမပေးပါက ဗုံးခွဲ ခြိမ်းခြောက်နေသည့် KIO/KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့၊ တပ်ရင်း(၈)မှ တပ်ဖွဲ့ဝင် (၄)ဦးအား Type-56(၂)လက်၊ GLOCK ပစ္စတို (၃)လက်နှင့် ဆက်စပ်ပစ္စည်းများ၊ မိုင်းမျိုးစုံနှင့် ဆက်ကြေးကောက်ရာတွင် အသုံးပြုသည့် ဆက်ကြေးစာရွက်(၁၈၀)ရွက်တို့နှင့် အတူ သက်ဆိုင်ရာက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖမ်းဆီးခံရသည့် KIO/KIA အဖွဲ့မှ ဆက်ကြေးမပေးသည့် လားရှိုးမြို့ရှိ စန်းရွှင်ဟိုတယ်အား ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် အကြောင်းမဲ့မိုင်းခွဲမှုကြောင့် အပြစ်မဲ့ပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Mawshan Myay Media