ဟီရိဆိုတာ…..

ဟီရိ….
ရှက်တာ၊ စက်ဆုပ်တာ၊
ရှက်တယ် စက်ဆုပ်တယ်ဆိုတာ
ဘာကို ပြောတာတုံးဆိုရင်
မဟုတ်တာ လုပ်ရမှာ ရှက်တယ်၊
လိမ်ပြောရမှ ရှက်တယ်၊
မကောင်းတာ လုပ်ရမှာ ရှက်တယ်။

လူ ရှိရှိ၊မရှိရှိ ရှက်တဲ့လူက ရှက်တာပဲ၊
ဟီရိဆိုတာ ကိုယ့်ကိုယ်ကိုယ် ရှက်တာ၊
ကိုယ့်သိက္ခာကို လုံအောင် ထိန်းတယ်၊
မဟုတ်တာ လုပ်ရမှာ သိပ်ရှက်တယ်၊
မတော်တဆ လိမ်မိပြီးရင်
“ဪ- ငါ လိမ်ထားတာပါလား”လို ရှက်လို မဆုံးဘူး၊

ဟိရိ မရှိတဲ့ပုဂ္ဂိုလ်ကတော့ ရှက်ကို မရှက်ဘူးလေ၊
မျက်နှာပြောင် တိုက်တယ်။
အဲဒါကျတော့ “အဟိရိက” လို ခေါ်တယ်။
ဒါကြောင့် ဟီရိဆိုတာ ရှက်တာ။ရှက်တယ်ဆိုတာ
ကိုယ့်ကိုယ်ရဲ့ ဂုဏ်သိက္ခာကို ထိန်းတာလို ပြောတာနော်၊
ငါလို လူက မဟုတ်တာ မလုပ်ဘူး
ဆိုပြီး ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ထိန်းတယ်။ 🙏🙏🙏

【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ】