အလုပ် အလွန်အကျွံလုပ်ခြင်းရဲ့ ဆိုးကျိုးများ

တစ်ပတ်မှာ အလုပ်ချိန် ၅၅ နာရီထက် ပိုခြင်းဟာ လေဖြတ်ဖို့ သုံးပုံပုံ တစ်ပုံပိုဖြစ်နိုင်ချေရှိပြီး
နှလုံးရောဂါ နဲ့ အခြားသောရောဂါများ ဖြစ်ပွားဖို့ ပိုမိုအခွင့်အရေး ရှိကြောင်းသုတေသနပြုလုပ်သူတွေက
လေ့လာတွေ့ရှိခဲ့ပါတယ်။ တစ်ပတ်မှာ နာရီ၄ဝနဲ့အထက် အလုပ်လုပ်တဲ့သူတစ်ယောက်ဟာ လေဖြတ်နိုင်ချေများပါတယ်။
လေဖြတ်နိုင်ခြင်းသာမက နှလုံးရောဂါအပြင် အသက်အရွယ်၊ ကျန်းမာရေးအခြေအနေနဲ့ နေထိုင်စားသောက်မှုပုံစံတွေ
ပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။
University College Londonမှ ပရော်ဖက်ဆာ MikaKivimäkiက “ဒီကိစ္စနဲ့ပတ်သက်ပြီး
လေ့လာမှုတွေအားလုံးမှာအလုပ်လုပ်ချိန်နဲ့ နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ရောဂါတွေအကြား ဘယ်လိုဆက်သွယ်နေလဲ
ဆိုတာကို လေ့လာတဲ့အခါ ရောဂါဖြစ်နိုင်ချေပိုများတာကို တွေ့ရှိခဲ့ပါတယ်။
ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက အလုပ်ချိန်ကြာမြင့်ခြင်းဟာ လေဖြတ်ခြင်း၊ အခြားနှလုံးနဲ့ ပတ်သက်တဲ့
ရောဂါတွေ ဖြစ်ပွားနိုင်ချေ ပိုမိုမြင့်မားကြောင်း သတိပြုမိခဲ့ကြတာပါ” လို့ ဆိုပါတယ်။
တစ်ပတ်မှာ ၅၅ နာရီနဲ့အထက် အလုပ်လုပ်သူတွေဟာ ၃၅နာရီမှ နာရီ၄ဝအတွင်း အလုပ်လုပ်သူများထက် နှလုံးရောဂါနဲ့
ဆက်စပ်နေသာ ရောဂါခံစားရခြင်း၊ ဆေးရုံးတက်ရခြင်း၊ သေဆုံးခြင်း ၁၃ ရာခိုင်နှုန်း ပိုမိုမြင့်မားပါတယ်။
အလုပ်ချိန် ၄၁နာရီမှ ၄၈နာရီကြား အလုပ်လုပ်သူများတွင် ၁ဝရာခိုင်နှုန်း၊ ၄၉နာရီမှ ၅၄နာရီ အလုပ်လုပ်သူတွေမှာ
၂၇ ရာခိုင်နှုန်းအထိ ပိုမို လေဖြတ်နိုင်ချေများကြောင်း လူပေါင်း ၅၂၈,၉၀၈ ကို ပျမ်းမျှ ၇နှစ်ကြာလေ့လာပြီး
စစ်တမ်းကောက်ယူနိုင်ခဲ့တာဖြစ်ပါတယ်။
နှလုံးရောဂါနဲ့လေဖြတ်ခြင်းတွေမှာ အသက်အရွယ်၊ ကျား/မကွဲပြားမှု၊ စီးပွားရေးအခြေအနေတို့အပြင် ဆေးလိပ်
သောက်ခြင်း၊ အရက်သေစာသောက်သုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ သွေးပေါင်ချိန်တို့အပေါ်မှာလည်း
မူတည်နေပါတယ်။
Ref: Michelle သစ်ထူးလွင်(ကျန်းမာရေး) Sunday, August 23,
2015 Source: Upi