မြဝတီမြို့ရှိ မိုးကုတ်ဈေးအနီး မီးလောင်မှုဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရသူအချို့ရှိ

ဒီဇင်ဘာ ၁၉ရက် နံနက်ပိုင်းက မြဝတီမြို့ရှိ အမှတ်(၁) မိုးကုတ်ဈေးအနီးမှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့
လူမှုကယ်ဆယ်ရေးအဖွဲ့ရဲ့ သတင်းများအရ သိရပါတယ်။
“မီးကတော်တော်တော့များတယ်၊ မိုးကုတ်ဈေးနားက လူနေအိမ်မှာ လောင်တာ၊ ဘေးကအိမ်လည်းပါသွားတယ်”လို့
အနီးဝန်းကျင်နေသူတစ်ဦးက ပြောပါတယ်။
မိုးကုတ်ဈေးအနီး မီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိကာ မြဝတီမြို့ Z Rescue လူမှု
ကယ်ဆယ်ရေးအဖွဲ့က မြဝတီပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။