မင်္ဂလာရှိသော နံနက်ခင်းလေးပါ

🌷ဘ၀အမောတွေပြေသွားမှာပါ🌷

ဘ၀ဆိုတာ
နေတတ်ရင်ကျေနပ်စရာကြီးဖြစ်လို့

အမြင့်တွေကြည့်ပြီးတော့လည်း
ရင်မောလို့ မနေပါနဲ့ ။

အရှုံးတွေကြည့်ပြီးတော့လည်း
စိတ်မကောင်း ဖြစ်မနေပါနဲ့ ။

ကံနဲ့တန်သလို ရနေတဲ့ဘ၀မှာ
ဆင်းရဲတာ ရှက်စရာမဟုတ်ပါဘူး
ရိုးသားမှုနဲ့ သိက္ခာရှိဖို့က အဓိကပါ ။

ကိုယ့်ဘ၀ကို အထင်မသေးပါနဲ့
ကောင်းတာတွေ ပိုင်ဆိုင်နိုင်ဖို့
ကြိုးစားခွင့်တွေ မိမိမှာရှိနေပါတယ် ။

နေရာတစ်ခု မရသေးခင်တော့
ကိုယ့်ဘ၀ဟာ အများရဲ့
အထင်သေးကဲ့ရဲ့မှုတွေခံရနိုင်ပါတယ် ။

အများလာပေါက်တဲ့ စကားတွေဟာ
ကိုယ့်အတွက် အားသဖွယ်ထားပြီး
ရင့်ကျက်စွာနဲ့ ကျော်ဖြတ်နိုင်ပါစေ ။

ကောင်းကျိုးရဲ့တုန့်ပြန်မှုဆုလာဒ်တွေ
ကိုယ့်ဆီကို ရောက်လာတဲ့အခါမှာ
အမောပြေပြီး ကျေနပ်သွားမှာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏