မလေးရှား စကိတ်ပြိုင်ပွဲမှာ မြန်မာကစားသမား ၂ ဦး ရွှေတံဆိပ် ၄ ခု ဆွတ်ခူး

ဒီဇင်ဘာ ၁၉ရက်က မလေးရှားစကိတ်ပြိုင်ပွဲကို မလေးရှားနိုင်ငံ မလက္ကာမြို့၊ ထွန်းဘာတီမာ ကွင်းတွင် ကျင်းပခဲ့ပြီး
အိန္ဒိယ၊ စင်္ကာပူ၊ မလေးရှား နှင့် အင်ဒိုနီးရှားနိုင်ငံမှ ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရပါတယ်။
မလေးရှား စကိတ်ပြိုင်ပွဲမှာ အသက် ၁၅ နှစ်အောက် မြန်မာကစားသမား ၂ ဦး၊ ရွှေတံဆိပ် ၄ ခု ဆွတ်ခူးရရှိခဲ့
တယ်လို့ မြန်မာနိုင်ငံ စကိတ်စီးအား ကစားအသင်း( Myanmar Skate Association) က
ပြောပါတယ်။
မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းသည့် Melaka Inline Speed Open 2022 စကိတ်ပြိုင်ပွဲ
ကို မြန်မာကိုယ်စားပြု လှိုင်သာယာ သူရဲကောင်းလေးများ အသင်းမှ မောင်နှမ ဖြစ်သော မောင်အင်အား (၁၃ နှစ်)
နှင့် မမေခွန်အား (၁၂ နှစ်) တို့ ၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲအပြီးမှာတော့ ရွှေတံဆိပ် ၄ ခုအထိ
ဆွတ်ခူးရရှိခဲ့တာပါ။
မြန်မာနိုင်ငံ စကိတ်စီးအားကစားအသင်းက “မီတာ ၂၀၀ နှင့် မီတာ ၈၀၀ mix အတွဲ မှာ ထပ်မံဆွတ်ခူးပြီး
ရွှေတံဆိပ် (၄) ခုရရှိခဲ့ပြီဖြစ်ပါတယ်” လို့ ပြောကြားထားပါတယ်။