အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်ရမည်

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း ဆောင်ရွက်သည့် ကုမ္ပဏီ၊ စီးပွားရေးအဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များသည် ခြောက်လအတွင်း မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံမတင်ဘဲ ဆောင်ရွက်ပါက ဥပဒေအရ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ဖြင့် ဇူလိုင်လ ၂၁ ရက်တွင် ထုတ်ပြန်ကြေညာထားပါတယ်။