မတ်လ ၂၄ ရက်နေ့တိုက်ပွဲသတင်းများ

ကချင်ပြည်နယ်

ဆွမ်ပရာဘွမ်စခန်း၏ တောင်ဘက်သို့ နေရာ ၂ နေရာမှ KIA နှင့် အကြမ်းဖက် အင်အား ၆၀ ဦးခန့် လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ၁ ကြိမ်၊ ရန်သူအင်အား(စိစစ်ဆဲ) အဖွဲ့က Drop Bomb ဖြုတ်ချတိုက်ခိုက်ခြင်းများ ဆောင်ရွက်လာခဲ့သဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့။

ကယားပြည်နယ်

ဖားဆောင်းမြို့နယ် ထူးချောင်းစခန်း တစ်ဝိုက် နယ်မြေရှင်းလင်းစဉ် KNPP/KNDF နှင့် PDF ပူးပေါင်းအင်အား ၁၅၀ ဦးခန့်က လက်နက်ကြီး/ငယ်များ၊ Drop Bomb ဖြုတ်ချတိုက်ခိုက်သဖြင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့။

မိမိဘက်မှ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သောင်းကျန်းသူများ ထိခိုက်ကျဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့။ အတည်ပြုဆဲ သတင်းများအရ သေဆုံးဒဏ်ရာ ရသူများအား ထူးချောင်းအရှေ့ဘက် ကြိုးတံတား ဟောင်းဘက်သို့ ပြန်လည်သယ်ဆောင်သွားကြောင်း သိရှိရ။

ကရင်ပြည်နယ်

ဖာပွန်မြို့ နယ်မြေခံတပ်ရင်းသို့ နေရာ ၂ နေရာမှ KNLA တပ်မဟာ(၅) ၊ ရင်း(၁၀၂) နှင့် PDF ပူးပေါင်းအင်အား ၁၀၀ ဦးခန့်က ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့်ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

ကော့ကရိတ်မြို့၊ တောင်ပေါ်ကျောင်းသို့ KKO(ခွဲထွက်)နှင့် PDF ပူးပေါင်းအင်အား ၅၀ ဦး ခန့်က ၂ ကြိမ်၊ ချောင်းဦးစေတီသို့ အင်အား ၃၅ ဦးခန့်က ၁ ကြိမ်၊ မြို့မဘုရားသို့ အင်အား ၃၀ ဦးခန့်က ၁ ကြိမ် လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။

သင်္ကန်းညီနောင် နယ်မြေခံတပ်ရင်းတစ်ဝိုက် နယ်မြေရှင်းလင်းစဉ် KNLA တပ်မဟာ ၆ ၊ ရင်း ၂၇ နှင့် အကြမ်းဖက်ပူးပေါင်း ၁၂၀ ဦးခန့်က စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ရာ တပ်ရင်း ဌာနချုပ်ကို လာရောက်တိုက်ခိုက်ခဲ့သည့် KNLA အဖွဲ့များဆုတ်ခွာ ထွက်ပြေးသွား။

တနင်္သာရီတိုင်း

ဘုတ်ပြင်းမြို့နယ် ချောင်းသာစူးကျေးရွာတစ်ဝိုက် အကြမ်းဖက်များ ခိုအောင်းနေကြောင်း သတင်းအရ သွားရောက်ရှင်းလင်းစဉ် အကြမ်းဖက်အင်အား ၁၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့။လက်လုပ်ရီမုမိုင်း ၁ လုံး၊ ရီမု ၁ ခု၊ ဆိုလာပြား ၁ ချပ်၊ ဓာတ်ခဲ ၆ လုံး၊ ဒီတိုနေတာ ၄၀ ခု၊ ဆိုင်ကယ်ဘက်ထရီ ၃ လုံး၊လက်လုပ်ခြေနင်းခလုတ် ၆ ခု၊ ဝါယာကြိုး ၂ ခွေ၊ အိုင်ကွန်တိုင် ၃ ချောင်း သိမ်းဆည်းရမိ။

တိုက်ပွဲသတင်းစုံ