ဖေဖော်ဝါရီလ ၈ ရက်နေ့မှုခင်းသတင်းများ

-ဖေဖော်ဝါရီလ ၇ ရက် ၁၄၄၀ နာရီတွင် ရေးမြို့နယ်၊ ရွှေပြည်သာကျေးရွာနေ  ဦးကျော်မင်းလတ်(၃၈)နှစ်သည် ရွှေပြည်သာကျေးရွာအနီး ရာဘာခြံ၌ အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား ၅ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာခဲ့ပြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ဖြစ်စဉ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-ဖေ‌ဖော်ဝါရီလ ၇ ရက် ၀၈၃၀ နာရီတွင် စလင်းမြို့နယ်၊ မကျီးကုန်းကျေးရွာနေ ဦးတင်မွှေး(၆၅)နှစ်နှင့် ဦးစိုးနိုင်ဝင်း(ခ) ဦးဖိုးကြီး(၅၀)နှစ်တို့ ၂ ဦးသည် နေအိမ်၌ရှိနေစဉ် အကြမ်းဖက်သမား ကျား ၄ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၃ ချက်ခန့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးတင်မွှေးတွင်  ဝဲနားထင်မှ ယာနားထင် ကျည် ဖောက်ဝင်ဒဏ်ရာနှင့် ဦးစိုးနိုင်ဝင်း(ခ)ဦးဖိုးကြီးတွင် နဖူးမှနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာတို့ဖြင့် သေဆုံး သွားခဲ့။

-ဖေဖော်ဝါရီလ ၇ ရက် ၁၆၄၀ နာရီတွင် လားရှိုးမြို့၊ ရပ်ကွက်(၇)၊ နယ်မြေ(၁၁)၊ သုခလမ်းရှိ SANN SHWIN HOTEL (စန်းရွှင်ဟိုတယ်)ရှေ့သို့ အကြမ်းဖက်သမား ၂ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာခဲ့ပြီး စန်းရွှင် ဟိုတယ်၏ လုံခြုံရေးဝန်ထမ်းဖြစ်သူ ဦးသန်းစိုးထံသို့ ဟိုတယ်တွင် တည်းခိုနေသည့် ဧည့်သည်အတွက်ဟု ပြောကာ လိမ္မော်သီးခြင်း ၁ ခြင်းအားပေးသဖြင့်  ဦးသန်းစိုးမှ လိမ္မော်သီးခြင်းပေးရမည့် ဧည့်သည်အမည်အား‌မေးမြန်းရာ ဧည့်သည်အမည်အားမပြောဘဲ လားရှိုးမြို့တွင်းဘက်သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသဖြင့် ဦးသန်းစိုးမှ လိမ္မော်သီးခြင်းအား ဟိုတယ်ရှေ့တွင်ပစ်ချ၍ နောက်မှလိုက်ဖမ်းဆီးခဲ့ရာ ဖမ်းဆီးရမိခဲ့ခြင်းမရှိဘဲ လိမ္မော်သီးခြင်းမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ဟိုတယ်ရှေ့တွင် ရပ်တန့်ထားသည့် ဆိုင်ကယ် ၁ စီး မီးလောင် ပျက်စီးခဲ့ပြီး ဟိုတယ်အနီးတွင် သွားလာလျက်ရှိသည့် မချောစုအောင်(၁၈)နှစ်၊ နယ်မြေ(၄)၊ ရပ်ကွက်(၅)၊ လာရှိုးမြို့နေသူတွင် လည်ပင်းရှေ့ပေါက်ပြဲဒဏ်ရာ(၁)ချက်၊ ဝဲဘက်ခြေသလုံးဖောက်ဝင်ဒဏ်ရာ(၁)ချက်(မစိုးရိမ်ရ)၊ ဦးဆေးပလက်(၂၇)နှစ်၊ နယ်မြေ(၁၀)၊ ရပ်ကွက်(၇)၊ လားရှိုးမြို့နေသူတွင် ယာဘက်လက်ကောက်ဝတ် စုတ်ပြဲ/ လက်ကျိုးဒဏ်ရာ(မစိုးရိမ်ရ)ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရ။

-ဖေဖော်ဝါရီလ ၇ ရက် ၁၆၁၀ နာရီတွင် သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာနေ ဒေါ်မလေး(၅၂)နှစ်၊ ကျပန်းလုပ်ကိုင်သူသည် ရာဘာခြံတွင် ရာဘာအစေးကျန်များ လိုက်လံ ကောက်ယူနေစဉ် နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဒေါ်မလေးတွင် ဝဲခြေထောက် ဒူးအောက်ပြတ် ဒဏ်ရာနှင့် ယာခြေထောက်စုတ်ပြဲဒဏ်ရာ(စိုးရိမ်ရ)တို့ရရှိခဲ့။

-ဖေဖော်ဝါရီလ ၇ ရက် ၁၄၁၀ နာရီတွင် စမ်းချောင်းမြို့နယ်၊ မြေနီကုန်း(မြောက်)ရပ်ကွက်၊ ပြည်လမ်း၊ မြေနီကုန်းတံတား အောက်ရှိ ယာဉ်ထိန်းရုံးဘေးတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ရာ ပေါက်ကွဲသည့်နေရာ၌ အပိုင်းအစများ တွေ့ရှိခြင်းမရှိဘဲ စက္ကူပိုင်းများသာ တွေ့ရှိသည့်အတွက် အသံမိုင်းပေါက်ကွဲခဲ့ကြောင်း သိရှိရ။

-ဖေဖော်ဝါရီလ ၇ ရက် ၀၆၁၅ နာရီတွင် ကသာမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ခရိုင်/မြို့နယ်လျှပ်စစ်ရုံးဝန်းခြံစည်းရိုး ၏ အရှေ့ဘက် ၅ ပေခန့်အကွာ လမ်းမပလက်ဖောင်း၌ PDF အကြမ်းဖက်အဖွဲ့မှ ထောင်ထားသည် လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှုကြောင့် ခြေလျင်လျှောက်လာသူ ဦးထွန်းထွန်းကျော်(၅၂)နှစ်၊ အမှတ်(၉)ရပ်ကွက်၊ ကသာမြို့ နေသူတွင် ယာခြေသလုံး မိုင်းစဖောက်ဝင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့။