စစ်ဆေးဖို့ခေါ်တာကို ထွက်ပြေးတဲ့ PDF အသေဖမ်းမိ

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် သပိတ်ကျင်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေရှင်းလင်း ချီတက်စဉ် မသင်္ကာဖွယ် ၂ ဦးအား တွေ့ရှိသဖြင့် စစ်ဆေးရန် ခေါ်ယူစဉ် ထွက်ပြေးသဖြင့်  ပစ်ခတ်ဖမ်းဆီးခဲ့ရာ-

-PDF အလောင်း – ၂ လောင်း

-ဘေးလွယ်အိတ်အတွင်းမှ AUSAC အမျိုးအစား ၉ မမပစ္စတို  ၁ လက်၊

-ကျည်အိမ် ၁ ခု၊

-၉ မမ ကျည် ၆ တောင့်၊

-မီးတိတ် ၃ ခု၊ ကတ်ကြေး ၁ ချောင်းတို့အား သိမ်းဆည်းရမိခဲ့ပြီး ဖြစ်စဉ်နေရာအနီး အသေးစိတ် ရှင်းလင်းစဉ် ဖူဂျီဆပ်ပြာဗူးခွံဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၃ လုံး၊ နီ/နက်ဝါယာကြိုး ၁၀ ပေခန့်တို့အား ထပ်မံတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။