မင်းပြားမြို့ နှစ်ဖက်တိုက်ပွဲ နောက်ဆုံးအခြေအနေ

မနေ့က ၁၀-၁-၂၀၂၄ ရက်နေ့ နံနက်ပိုင်းမှစ၍ AA အကြမ်းဖက် သောင်းကျန်းသူများမှ မင်းပြားမြို့ရှိ နယ်မြေခံတပ်ရင်းများအား တိုက်ခိုက်သိမ်းပိုက်နိုင်ရန် နယ်မြေခံတပ်ရင်းများအား စိုးမိုးထားသည့် ကျိန်းတောင် ပေါ်ရှိ တပ်စခန်းသို့ အင်အားများစွာ အသုံးပြုကာ လက်နက်ကြီးလက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် လူနေရပ်ကွက်များတွင် ခြေကုပ်ယူကာ လာရောက်တိုက်ခိုက်ခဲ့ဖြင်းဖြစ်ပြီး နိုင်ငံရေးအမြတ်ထုတ်ရန် အတွက်လည်း တစ်ဖက်တွင် လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံး/ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

ကျိန်းတောင် ပေါ်ရှိ တပ်စခန်းမှ တပ်မတော်သားများ၏ ရဲဝံ့စွာခုခံတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူ၊ လေယာဉ်ပစ်ကူများဖြင့် ချေမှုန်းတိုက်ခိုက်မှုကြောင့် AA အကြမ်းဖက်သောင်းကျန်းသူများ ညနေ ၄ နာရီခန့်တွင် တောင်ပေါ်မှ သေဆုံး/ဒဏ်ရာများစွာဖြင့် ပြန်လည်ဆုတ်ပြေးသွားကြပြီဖြစ်ကြောင်းနှင့် AA အကြမ်းဖက်သောင်းကျန်းသူများ၏ အလောင်းလက်နက်များရရှိထားကြောင်း သိရှိရသည်။

#Crd