AA သောင်းကျန်းသူများ မီးတိုက်စခန်းအား သိမ်းပိုက်နိုင်ခြင်းမရှိဘဲ စခန်းဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိ

စက်တင်ဘာ ၁၅ ရက်
ရခိုင်ပြည်နယ်၊ တောင်ပြိုဝဲနှင့် မီးတိုက်စခန်းအနီး AA သောင်းကျန်းသူအဖွဲ့များ ရောက်ရှိအခြေပြုနေကြောင်း သတင်းအရ
တပ်မတော်စစ်ကြောင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာ မီးတိုက်စခန်း၏ အနောက်ဘက်သို့အရောက် AA သောင်းကျန်းသူ ၁၀၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး
နှစ်ဖက်ထိခိုက်ကျဆုံးမှုများ ရှိကြောင်း သိရှိရပါတယ်…
လူမှုကွန်ရက်ပေါ်တွင် မီးတိုက်စခန်းအား AA သောင်းကျန်းသူများမှ သိမ်းပိုက်ရရှိကြောင်း
သတင်းအမှားများ ပြန့်နှံ့နေသော်လည်း စက်တင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းအထိ AA သောင်းကျန်းသူများ မီးတိုက်စခန်းအား
သိမ်းပိုက်နိုင်ခြင်းမရှိဘဲ စခန်းဝန်းကျင်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်…