အသင်းအတွက်စိုးရိမ်စရာမလိုဘူးဆိုတဲ့ ဘိုင်ယန်နည်းပြ သောမတ်စ်တူဟယ်လ်

ဘိုင်ယန်မြူးနစ်အသင်းသည် ဘွန်ဒစ်လီဂါတွင် လေဗာကူဆင်၊ ချန်ပီယံလိဂ်တွင် လာဇီယိုအသင်းတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့သောကြောင့် အနာဂတ်အတွက် စိုးရိမ်စရာဖြစ်လာပြီလားဟု မေးမြန်းမှုအပေါ် နည်းပြဖြစ်သူ သောမတ်စ်တူဟယ်လ်က ”ကျွန်တော့် အနာဂတ်အတွက် စိတ်ပူနေလားဆိုရင် မဖြစ်ပါဘူး။ ဒီပွဲမှာ ကျွန်တော်တို့ အစကတည်းက ကောင်းကောင်းကစားနိုင်ခဲ့ပြီး ပထမဆုံးမိနစ်ကတည်းက အခွင့်အရေးရခဲ့တယ်။ နောက်ပိုင်းမှာ ဟာရီကိန်း၊ ယာမယ်လ်မူဆီယာလာ တို့လည်း အခွင့်အရေးထပ်ရခဲ့တယ်။ ပထမပိုင်းမှာ ပွဲကို ကျွန်တော်တို့ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်က သိသိသာသာကျဆင်းသွားတယ်။ တစ်ဦးချင်းအမှားတွေပြုလုပ်ခဲ့ပြီး ပြိုင်ဘက်ကို ပိုပြီးအားကောင်းစေခဲ့သလို အာရုံစူးစိုက်မှုလည်း ပျက်သွားခဲ့တယ်။ ကျွန်တော်တို့ရဲ့ စည်းချက်ညီမှု ပျက်သွားခဲ့တာပါ။ အဲဒီအတွက် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့မရှုံးနိုင်ဘူးလို့ထင်ရပေမဲ့ ဒီနေ့ပွဲမှာ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ပါတယ်” ဟု ဖြေကြားခဲ့သည်။

တူဟယ်လ်အနေဖြင့် ဘိုင်ယန်မြူးနစ်အသင်းအတွက် ပြိုင်ပွဲစုံ ၄၃ ပွဲကိုင်တွယ်ပြီးနောက် ရှုံးပွဲ ၁၀ ပွဲရှိလာပြီး ၎င်းမတိုင်မီ ထုတ်ပယ်ခံခဲ့ရသည့် နာဂယ်လ်စမန်းလက်ထက်တွင်မူ ၈၄ ပွဲကိုင်တွယ်ပြီးနောက် ၁၀ ပွဲသာ ရှုံးနိမ့်ခဲ့သည်။

crd#eleven