ဒီဇင်ဘာ ၂၀ ရက်နေ့တိုက်ပွဲသတင်းများ

၁။ တနင်္သာရီတိုင်းဒေသကြီး လောင်းလုံးမြို့နယ် သဗြာရွာအတွင်း ဝင်ရောက်ရှင်းလင်းစဉ် မိုင်းခွဲရန် စောင့်ဆိုင်းနေသည့် PDF အကြမ်းဖက် ၂ ဦးအား တွေ့သဖြင့် မိမိဘက်မှ ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ဖြစ်စဉ်အတွင်း PDF ၂ လောင်း၊ M4A4 ၁ လက်၊ Colt AR 15 ၁ လက်၊ ကျည်အိမ် ၂ ခု၊ ကျည် ၁၈၀ တောင့်၊ လက်လုပ်မိုင်း ၁၆ လုံး၊ ဝါယာကြိုး ၁ ခွေ၊ ပလပ်ခုံ ၁ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။

၂။ ရခိုင်ပြည်နယ် ပေါက်တောမြို့မရဲစခန်းနှင့် မြို့မ ရဲစခန်းလမ်းဆုံ များသို့ AA သောင်းကျန်းသူ ၃၀ ဦးခန့်က လာရောက်ပစ်ခတ်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

၃။ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် မင်္ဂလသုခကျေးရွာအတွင်းသို့ ရောက်ရှိရှင်းလင်းစဉ် PDF ၃ ဦးအား တွေ့သဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ပြီး ဖြစ်စဉ်အတွင်း PDF ၃ လောင်း၊ အမ်(၂၂) ၁ လက်၊ ၄၀ မမ ၂ လက်၊ ၄၀ မမဗုံးသီး ၇ လုံး၊ ကျည်အိမ် ၃ ခု၊ ကျည် ၁၅၀ တောင့်၊ ဒရုန်း ၁ စီး၊ ဆိုင်ကယ် ၂ စီး သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။

၄။ စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်၊ ကြက်သွန်ခင်းလမ်းဆုံရှိ ရန်သူ့နေရာသို့ ချီတက်ရှင်း လင်းစဉ် နေရာ ၂ နေရာမှ KIA+PDF ပူးပေါင်း ၇၀ ဦးခန့်က ဒရုန်း ၂ စီးဖြင့် Bomb ၈ လုံး ပစ်ချတိုက်ခိုက်သဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

၅။ ချင်းပြည်နယ် မတူပီမြို့နယ်အနောက်တောင်ဘက်၌ ကာကင်းဆောင်ရွက်နေစဉ် PDF ၂၀ ဦးခန့် က တစ်ကြိမ်၊ ၅၀ ဦးခန့်က ၁ ကြိမ် လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ပြီး ဖြစ်စဉ်အတွင်း PDF ၁ လောင်း၊ ကာဘိုင် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၈ တောင့် သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။

၆။ စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ကုန်းသာရွာ အနီးသို့အရောက် PDF ၁၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူရယူ၍ ပြန် လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရ။

၇။ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ဧရာတီမြစ်ကြောင်းအတိုင်း ထွက်ခွာလာစဉ် ဒင်္ဂါးကျွန်းသို့အရောက် PDF ၂၀ ဦးခန့်နေထိုင်ခဲ့သည့် လူနေတဲ ၃ လုံးအား တွေ့ရှိသဖြင့် ဝင်ရောက်ရှင်းလင်းခဲ့ရာ အဆိုပ်နေရာမှ လက်ပစ်ဗုံး ၃ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၃ လုံး၊ လက်လုပ်ဗုံးသီး ၁ လုံး၊ ပြောက်ကျားအင်္ကျီ ၃ ထည်၊ ဆေးဝါးပစ္စည်းများထည့်ထားသည့် ဆာလာအိတ် ၁ အိတ်၊ ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။