ရခိုင်ပြည်လည် ပြန်လည်ထူထောင်ရေးပစ္စည်း ၂၀၇၄.၇၅ တန် စစ်တွေမြို့သို ရောက်ရှိ

ရခိုင်ပြည်နယ်သို ပြန်လည်ထူထောင်ရေးအတွက် ဆန်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က မှာယူသည့် စားအုန်းဆီ၊ စက်သုံးဆီနှင့်စားသောက်ကုန်များ၊ တည်ဆောက်ရေးသုံးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့်ဆေးဝါးများ စုစုပေါင်း ၂၀၇၄ ဒသမ ၇၅ တန်အား MV Moon Light သင်္ဘောဖြင့် တင်ဆောင်၍ စစ်တွေမြိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရပါတယ်။ ၎င်းပစ္စည်းများအား လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေး အသင်းတို့မှ ပေးပိုခြင်းဖြစ်ကြောင်းလည်းသိရပါတယ်။