ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း မျိုးကွဲတွေ့ရှိ

ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးသုတေသနဦးစီးဌာနအနေဖြင့် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ ပေးပို့သော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ၏ ဓာတ်ခွဲနမူနာ (၁၈) ခုကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှစ၍ မျိုးဗီဇတစ်ခုလုံးစစ်ဆေးမှု (Whole Genome Sequencing) ကို ဆောင်ရွက်ခဲ့ရာ ဓာတ်ခွဲနမူနာ(၁၆)ခုတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများ တွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၀ ရက်နေ့ တွင် အသိပေးထုတ်ပြန်ထားပါတယ်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများသည် SARS-CoV-2 Omicron Variant များ ဖြစ်ပြီး စင်္ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ(၃)ဦးထံမှ Omicron HV.1၊ JN.1 နှင့် EG.5.1.8 variants တို့ကိုတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းကူးစက်ဖြစ်ပွားသူ(၁၃)ဦးထံမှ Omicron JN.1 (၁၁)ဦးနှင့် XBB.1.16.17 (၂)ဦးတို့ကို အသီးသီးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရပြီး ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံမှုကို ခံယူသင့်ကြောင်းလည်း တိုက်တွန်းနှိုးဆော်ထားကြောင်းသိရပါတယ်။