ဖေဖော်ဝါရီလ ၇ ရက် ဇရပ်ကြီးမြို့ ခလရ ၇၃ တိုက်ပွဲဖြစ်စဉ်သတင်း

-ဖေ ၇ ရက် မနက် ၄ နာရီလောက်ကစတင်ပြီး ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့အနီးရှိ ခလရ(၇၃) နှင့် မြို့စိုးတံတား၊ နှစ်တန်ကူးတံတား လုံခြုံရေးစခန်းများ အား KNLA တပ်မဟာ ၂၊ ၃ နှင့် PDF ပူးပေါင်းအင်အား ၃၀၀ ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone များ အသုံးပြုပြီး တိုက်ခိုက်ခဲ့။

-ခလရ (၇၃) မှ နောက်ချန် အရာရှိစစ်သည်များ ၊ ရဲမေများ ၊ ရဲဝံ့စွန့်စားစွာ ပြန်လည် တိုက်ခိုက်ခဲ့ပြီး လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူများ၊ စစ်ကူပေးစစ်ကြောင်းများ ဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ ဖေ ၇ ရက်နေ့ တနေ့လုံး တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလျက်ရှိ။

-ညနေ ၆ နာရီခန့်မှာ အကြမ်းဖက်သောင်းကျန်းသူ အလောင်းများ သယ်ထုတ်ကာ ဇရပ်ကြီးမြို့တွင်းမှ ပြန်လည်ဆုတ်ခွာသွားခဲ့။

-ဖြစ်စဉ်တွင် KNLA တပ်မဟာ ၂ အဖွဲ့မှ ၂၂ ယောက်ကျဆုံး၍ ၅၄ ဦးဒဏ်ရာ ရရှိခဲ့ပြီး KNLA တပ်မဟာ (၃)မှ ၃၂ ယောက်ကျဆုံးပြီး ၄၀ ကျော် ဒဏ်ရာရရှိကြောင်း၊ ကျဆုံးသူအများစုမှာ PDF အ​​ကြမ်းဖက်သမား ဗမာလူငယ်များ ဖြစ်ပြီး လယ်ကွင်းပြင်များကို အုပ်စုလိုက်ဖြတ်ပြေးစဉ် လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာ ရရှိမှုများပြားကြောင်း၊ ခလရ(၇၃) တပ်ဌာနချုပ်ကို ရအောင်တိုက်ခိုက်ရမည်ဖြစ်ကြောင်း သိရှိရ။

-မိမိဘက်မှ စစ်သည် ၂ ဦးကျဆုံး၊ စစ်သည် ၅ ယောက်နှင့် ရဲမေ ၃ ယောက် ဒဏ်ရာရရှိခဲ့ပြီး နယ်မြေဆက်လက်ရှင်းလင်းလျက်ရှိ။

ရန်သူ့အလောင်းမှတ်တမ်းဓာတ်ပုံများ ရရှိပါက ထပ်မံတင်ပေးပါမည်။

တိုက်ပွဲသတင်းစုံ