NUG ကို ဒဲ့ရှင်းပြလိုက်တဲ့ ဦးကိုကိုကြီး Interview

နိုင်ငံရေးပါးမဝသေးတဲ့ နိုင်ငံရေးသမားလိုလို တော်လှန်ရေးသမားလိုလို ပြည်ပကို ထွက်ပြေးနေတဲ့ NUG က ပုဂ္ဂိုလ်များကို နိုင်ငံရေးသင်ပုန်းကြီးကျေဖို သင်ပြ ပြောကြားထားတဲ့ ဦးကိုကိုကြီးရဲ့ ပညာပေး CNI Exclusive Interview နားထောင် လိုက်ရပါတယ်…

သူ့ရဲ့ပါတီ ဘာကြောင့် မှတ်ပုံတင်ရသလဲဆိုတာကို လက်ရှိနိုင်ငံရေးဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ ၁၉၉၀ ပြည့်လွန်နှစ်များက NLD ပါတီရဲ့ ရပ်တည်ချက်သဘောထား တွေနဲ့ ယှဉ်ပြီး ရှင်းပြသွားတာ ကောင်းပါတယ်…

ဝရမ်းပြေးဖြစ်နေတဲ့ NUG အတွက် အရှိက်ထိစေမဲ့ ထိမိလှတဲ့ စကားလုံး အသုံးအနှုန်းများက ဦးကိုကိုကြီးရဲ့ နိုင်ငံရေးကမ္ဘာကို ပြသနေပါတယ်… အာဏာရှင်ကို ဘယ်လို ဆန့်ကျင်ပြီး အကြမ်းမဖက်နည်းနဲ့ နိုင်ငံရေး ဘယ်လိုလုပ်ရသလဲဆိုတာကို NUG နဲ့ အစွန်းရောက် အကြမ်းဖက်သမားတွေ နားလည်သိရှိနိုင်ကြပါစေနော်…