မန္တလေး-လာရှိုးအတက်လမ်း၊ ညောင်ပေါကျေးရွာရှိ စားသောက်ဆိုင်တွင် ဂတ်စ်အိုးလဲရာမှ မီးလောင်မှုဖြစ်ပွား

၄.၁၁.၂၀၂၂ ရက်နေ့၊ ၀၇ ၃၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လာရှိုးအတက်လမ်း၊

ညောင်ပေါကျေးရွာရှိ စားသောက်ဆိုင်တွင် ဂတ်စ်အိုးလဲရာမှ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့်

ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းနှင့် ရတနာပုံမြို့သစ်နယ်မြေမီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊

သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၇ ၅၀ အချိန် မီးငြိမ်း ကြောင်းသိရှိရပါတယ်ရှင်။