နိုဝင်ဘာ ၁၇ ရက်နေ့တိုက်ပွဲသတင်းပေါင်းချုပ်

၁။ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ တပ်စိတ်အဆင့်နေရာယူထားသော တောင်ခြေတပ်စခန်းငယ်တစ်ခုအား မနက် ၅ နာရီမှ နေ့လည် ၁၁ နာရီချိန်ထိ KNLA/PDF ပူးပေါင်း ၁၅၀ ကျော်မှ အကြိမ်ကြိမ်လာရောက်တိုက်ခိုက်ပြီး KNLA/PDF အဖွဲ့ စခန်းပေါ်တက်၍ ဓာတ်ပုံရိုက်နေစဉ် လေယာဉ်ဗုံးတိုက်ရိုက်ထိမှန်ပြီး ဗုံးသီးများ ပြင်းထန်စွာထပ်မံပေါက်ကွဲမှုကြောင့် ဆုတ်ခွာသွားခဲ့ပြီး အဆိုပါတိုက်ပွဲဖြစ်စဉ်အတွင်း စစ်သည် ၁ ဦးဒဏ်ရာရ၊ KNLA/PDF ခေါင်းဆောင်အပါ ၇၀ ကျော်သေဆုံးပြီး ၅၀ ကျော် ပျောက်ဆုံးခဲ့ကြောင်း သိရှိရ။

၂။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ချောင်းနှစ်ခွရဲစခန်းတွင် လုံခြုံရေးယူထားသော တပ်မတော်စစ်ကြောင်း+ BGF+ ရဲတပ်ဖွဲ့များအား မနက် ၈ နာရီကျော်ခန့်တွင် Drop Bomb ၂ လုံးဖြင့် လာရောက်တိုက်ခိုက်ခဲ့ပြီး ညနေ ၅ နာရီခန့်တွင် ချောင်းနှစ်ခွရဲစခန်းသို့ စစ်ကူလိုက်လာသော စစ်တပ်+BGF တပ်များအား KNLA တမဟ(၆)/ PDF ပူးပေါင်း ၅၀ ဦးခန့်ဖြင့် နာရီဝက်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရ။

၃။ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဘုရားကွင်းရွာအနီးသို့ ရောက်ရှိလာတဲ့ KIA/PDF ပူးပေါင်း ၁၀၀ ကျော်ခန့် အား နေ့လည် ၂ နာရီခန့်တွင် တပ်မတော်စစ်ကြောင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ KIA/PDF ၁၇ လောင်းနှင့် ၂၀ ကျော်ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရ။

၄။ ပဲခူးတိုင်း၊ ဆွာမြို့နယ်၊ ပိတောက်ကုန်းရွာအနီးတွင် မနက် ၉ နာရီခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNLA/ PDF ပူးပေါင်း ၁၅၀ ဦးခန့်ဖြင့် ထိတွေ့တိုက်ပွဲ ၂ နာရီခန့်ဖြစ်ပွားခဲ့ပြီး တပ်မတော်(လေ)မှ Mig-35 များဖြင့် ပစ်ခတ်ခဲ့ရာ KNLA/PDF ပူးပေါင်းအဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး အကြမ်းဖက် KNLA/PDF ၃၀ ကျော်သေဆုံးခဲ့ကြောင်း သိရှိရ။

၅။ ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်သို့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် KNPP/KNDF နှင့် PDF ပူးပေါင်း ၃၀ ဦးခန့်ဖြင့် တစ်ကြိမ်၊ မွန်းလွဲ ၃ နာရီခန့်တွင် KNPP/KNDF နှင့် PDF ပူးပေါင်း ၂၀ ဦးခန့်ဖြင့် တစ်ကြိမ်၊ ညနေ ၄ နာရီခန့်တွင် KNPP/KNDF နှင့် PDF ပူးပေါင်း ၁၄၀ ဦးခန့်ဖြင့် တစ်ကြိမ်၊ စုစုပေါင်း ၃ ကြိမ် လာရောက်ပစ်ခတ်သဖြင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး လာရောက်တိုက်ခိုက်သူများ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရှိရ။

၆။ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ ရဲတပ်ဖွဲ့ရုံးသို့ ညနေ ၅ နာရီခန့်တွင် KNPP/KNDF နှင့် PDF ပူးပေါင်း ၅၀ ဦးခန့် လာရောက်တိုက်ခိုက်သဖြင့် နာရီဝက်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်မှ အထိအခိုက်များစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းသိရှိရ။

၇။ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် တပ်မတော်+ရဲတပ်ဖွဲ့များနှင့် PDF ၁၅ ဦးခန့်တို့ မွန်းလွဲ ၃ နာရီခန့်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများထံမှ PDF အလောင်း ၁ လောင်းနှင့် လက်ပစ်ဗုံး ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရ။