လျှပ်စစ်ဓာတ်အားခွဲရုံများအား ဦးတည်တိုက်ခိုက်လာတဲ့ အကြမ်းဖက်များ

ယနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ပဲခူးတိုင်း၊ ‌ကျောက်တံခါးမြို့နယ် ၊သာယာကုန်းလျှပ်စစ်ဓာတ်အားခွဲရုံပေါ် ပျံသန်းလာတဲ့ဒရုန်းတစ်စီးအား လခရတပ်ဖွဲ့ဝင်များပစ်ချသိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ အကြမ်းဖက်သမားများအနေဖြင့် အများပြည်သူများအခက်အခဲရင်ဆိုင်တွေ့ကြုံစေရန် လျှပ်စစ်ရုံးများကို Drop Bomb ချကာ ဦးတည်တိုက်ခိုက်နေခြင်းပဲ ဖြစ်ပြီး စစ်ဘက်ပစ်မှတ်မဟုတ်သော အရပ်ဘက်ပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်လျက်ရှိပြီး စစ်ရာဇဝတ်မှုများလုပ်ဆောင်လျက်ရှိကြောင်း သိရှိရပါတယ်။