ရေတာရှည်တိုက်ပွဲ နောက်ဆက်တွဲသတင်း

ရေတာရှည်မြို့နယ်၊ အင်းကြီးပေါက်ရွာအနီးတိုက်ပွဲမှာ တပ်မတော်ဘက်က Mi35 လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့လို့ KNLA နဲ့ PDF တွေ ၇၀ ကျော် ထိခိုက်ကျဆုံးခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ ပြောကြားချက်အရ သိရှိရပါတယ်။

အမာခံသတင်းပေးများရဲ့ ပြောကြားချက်အရ အဆိုပါတိုက်ပွဲတွင် KNLA တမဟ(၅)နယ်မြေမှာ ခိုလှုံနေတဲ့ PDF အများစုပါဝင်ခဲ့ပြီး KNLA တမဟ(၅)က ခေါင်းဆောင်တစ်ဦးပါ ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ထို့အပြင် PDF များ အထိနာခဲ့၍ ပျောက်ဆုံး၊ ဒဏ်ရာရသူတွေ များပြားလို့ နောက်ထပ်တိုက်ပွဲများဖော်ဆောင်ဖို့ အခက်အခဲရှိနေတာကို KNLA ခေါင်းဆောင်ပိုင်းက ဗမာငကြောက်တွေလို့ ပြောဆိုဖိအားပေးပြီး အထိနာခဲ့တဲ့ပွဲအတွက် ပြန်လည်လက်စားချေ တိုက်ကွက်ဖော်ရန် လုပ်ဆောင်နေကြောင်း သိရှိရပါတယ်။