ရွှေတိဂုံစေတီတော်နယ်မြေထဲအထိရောက်လာခဲ့တဲ့ အရုပ် ၂ ရုပ်ကိစ္စ ကာယကံရှင်တွေကိုသာမက ခွင့်ပြုပေးခဲ့သူတွေကိုပါ အရေးယူမယ်ဟုဆို

ရွှေတိဂုံစေတီတော်ဝတ္တုကံနယ်မြေအတွင်း လိင်ဖျော်ဖြေရေး အရုပ်(၂)ခုကို သိဒ္ဓိတင်တယ်ဆိုပြီး ဘာသာရေး စော်ကားခဲ့တဲ့ “လောကဝိဇ္ဇာဓိုရ် မိန်းမလှ ဒေဝီအထက် ဂိုဏ်းချုပ်ကြီး ရှိင်းဇာနည်အောင်”နဲ့ အပေါင်းပါတွေကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သာသနာတော် ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုအရေးယူသွားမှာဖြစ်တဲ့အပြင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ကို တင်ပြခြင်းမရှိဘဲ မိမိသဘောနဲ့ ခွင့်ပြုပေးခဲ့တဲ့ တာဝန်ရှိသူ ဝန်ထမ်းကိုလည်း ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့အညီ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲစည်းပြီး ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။