အင်တာဗျူးဖြေနည်းလေး

“ခင်ဗျား အရင်ကုမ္ပဏီမှာ လုပ်သက် တစ်နှစ်ပဲရှိခဲ့တယ်နော်..”
“ဆရာတို ဒီ position ကို vacant ကြော်ငြာတာ တစ်နှစ်အတွင်း ၄ ခါရှိပြီနော်.. ဘာလို ခဏခဏ အလုပ်ထွက်သွားကြတာလဲ..”
“ဟ”
………………….
“ဟုတ်ပြီဗျာ.. အင်တာဗျူးတာလဲ အတော်ကြာသွားပြီဆိုတော့ နောက်ဆုံးမေးခွန်းပဲမေးပါတော့မယ်.. ကျွန်တော်တို ခင်ဗျားကို ဘာ့ကြောင့်အလုပ်ခန့်သင့်သလဲ?”
“ဘာဖြစ်လိုလဲ ဆိုတော့..”
“အင်း”
“ဆရာတိုဆီမှာ လူလိုနေတယ်ဆိုပြီး အလုပ်ခေါ်ထားလိုပါ”
“ဟ”
………………….
“မဟုတ်သေးဘူးလေဗျာ.. ကျွန်တော်မေးတာက ဘာလို အလုပ်လျှောက်တဲ့လူတွေအများကြီးထဲမှာမှ ကျွန်တော်တိုက ခင်ဗျားကို ဒီလောက် လစာပေးပြီးတော့ ဘာ့ကြောင့်ရွေးချယ်ခန့်အပ်သင့်တာလဲ”
“ဘာဖြစ်လိုလဲ ဆိုတော့..”
“အမ်း”
“ဒီလောက် လစာ ရနေတဲ့ကြားက ရှေ့ကလူက ဆရာတိုဆီကနေ အလုပ်ထွက်သွားလိုပါ..”
“ဟ”
………………….
“ခင်ဗျားအရင်ကုမ္ပဏီဆီကနေ ခင်ဗျားကောင်းကြောင်းကို ကျွန်တော်တိုထောက်ခံစာ ရနိုင်မလား”
“ရနိုင်ပါတယ်.. ဒီလိုဆို အရှေ့ကထွက်သွားတဲ့သူဆီကနေ ကျွန်တော့်အနေနဲ့ ဆရာတိုကုမ္ပဏီကောင်းကြောင်းထောက်ခံစာလေး..”
“ဟေ့.. ဟေ့.. ဟေ့လူ..”