ကလေးဆယ်ဦးနှင့် လူကြီးတစ်ဦး ခွေးရူးကိုက်ခံရ

ဇင်းကျိုက်မြို့ ၊ ဖလပ်ရပ်ကွက်၊ ရာဇဓိရာဇ်တံတားအောက်မှ Grade 1ကျောင်းသူကောင်မလေးတစ်ယောက်မှာ
ခွေးရူး စတင်အကိုက်ခံရကြောင်းသိရပါတယ်။ ထို့နောက် ဖလပ်ရပ်ကွက်အောက်လမ်းအတိုင်း ဈေးတွေ၊
ဈေးလမ်းကြားတွေမှာရှိတဲ့ ကလေးတွေ ထပ်မံ အကိုက်ခံရပါတယ်။ အဲဒီကနေ ခလောက်အင်းရပ်ကွက်ဘက်
ရောက်လာပါတယ်။ အဲ့ဒီမှာ ဂတ်စ်ဆိုင်က ကလေးတစ်ယောက် ထပ်အကိုက်ခံရတယ် ဟု ဇင်းကျိုက်မြို့ခံတစ်ဦးက ပြောတယ်လို့
သိရှိရပါတယ်။

(Eleven မှ ကူးယူဖော်ပြပါသည်။)